"အဲဒါပဲ"
ဇာတ်လမ်းအရှည်ကြီး တစ်ပုဒ်ကို ပြောပြလိုက်ရလို့ထင်သည်
ရေဆာဆာဖြင့် ဘေးနားတွင်ချထားသော အတော်အတန်ပူနွေးနေပြီဖြစ်သော beer ကို တစ်ခွက်လုံးကုန်အောင် သော်က မော့သောက်လိုက်သည်
"ဟင် ဒါပဲလား"
အားမလို အားမရဖြစ်ကာ Zan ဖင်တကြွကြွ ဖြင့်မေးလိုက်မှ
တစ်ခုခုကို သတိရသွားဟန်ဖြင့်
"အင်း ရှိသေးတယ် အိမ်ထောင်ကျတဲ့ အချိန်တူတူပေမယ့် နင့်ဖေဖေကို နင့်မေမေက တော်တော်နဲ့ လက်မခံခဲ့ဘူးတဲ့"
"အဲဒါကြောင့် နင်တို့နှစ်ယောက် အသက်ကွာနေတာနေမယ် ဟိ"
"အရေးထဲ မြတ်ရယ် အဲလောက်တော့ ငါတို့လည်းတွေးတတ်ပါတယ်"
သော်က ဝင်ဟောက်လိုက်မှ မြတ် ဇတ်ကလေးပုကာ ငြိမ်ကျသွားသည်
"အင်းနော် မချစ်တဲ့သူနဲ့ ဘယ်သူက တူတူနေချင်မှာလဲ
ဒါပေမယ့် ငါနားမလည်တာက ဦးအောင်သစ် ယူဆိုတာနဲ့ ဖေဖေက မေမေ့ကိုယူရောလား
ဘယ်လောက်ထိပဲ လူယုံဖြစ်ခဲ့ဖြစ်ခဲ့လေ မေမေ့ကို ဖေဖေက အဲကိစ္စတွေ မတိုင်ခင်ကရော တွေ့ဖူးရဲ့လား"
သော်ကမှ ပုခုံးကို ဟန်ပါပါ တွန့်ပြပြီး
"အဲလောက်ထိတော့ ငါတို့ဘယ်သိမလဲ Zan ရယ်နင့်အဖေပဲ သိမှာပေါ့""မေမေကရော ဘာလို့လက်ခံခဲ့တာလဲ?
ရှေးခေတ်က အိမ်ထောင်ရေးတွေကလည်းဟာ စိတ်ပျက်စရာ"
"နင်အခုပြောနေတာ နင့်အဖေနဲ့ အမေ အကြောင်းနော် Zan
သူတို့မွေးပေးလို့ နင်ဆိုတာဖြစ်လာတာလေ"
ဖေဖေနဲ့မေမေကို စော်ကားလိုသည့်သဘောမဟုတ်ပေမယ့် မြန်မာဇာတ်ကားတွေထဲက အက်ကြောင်းထပ်နေတဲ့ အိမ်ထောင်ရေးစတိုင်ကြီးကိုတော့ Zan တကယ်မနှစ်မြို့နိုင်
"ငါသိပါတယ် မြတ်ရာ ငါ့ရင်ထဲမကောင်းလိုက်တာ ဘယ်လိုကံကြမ္မာကြောင့် မေမေတို့ အဲလောက်ထိ လွဲချော်ခဲ့ရတာပါလိမ့်"
"ကျန်သေးတယ် ပြဿနာအားလုံးရဲ့ ဇစ်မြစ်က လူအေး အကို ဦးအောင်သစ်ရဲ့ စလင် ကိုမျိုးသန်းတဲ့"
ŞİMDİ OKUDUĞUN
All about love
Romantizm528 နဲ့ 1500 လွန်ဆွဲပွဲမှာ ဘာကိုမှ မငဲ့ကွက်ဘဲ စိတ်ထဲ ရှိတဲ့အတိုင်း တုံ့ပြန်ခွင့်ရရင် ကျွန်တော်ကတော့ အလင်း ကိုပဲ ရွေးမိမလားပဲ Z