ချစ်​သော...... Part -1

26.3K 238 7
                                    

ချစ်​သော......
အပိုင်း ( ၁ )

"ဟင်.....မိုး​တွေကလဲရွာလာပြန်ပီ "

ထီးမယူလာမိတဲ့​နေ့ဆို အမြဲတဖွဲဖွဲရွာတတ်​သော မိုးကုတ်မြို့​လေး၏မိုးရာသီကို ကြာရိပ်ချို တစ်​ယောက် အပြစ်တင်ရင်း ကုန်စုံဆိုင်​လေးတစ်ခု၏အမိုး​အောက်သို ခပ်သွက်သွက်​လေး​ပြေးဝင်လိုက်သည် ....

အသားဝင်းဝင်း နှာတံချွန်ချွန်​ နက်​မှောင်​နေ​သောဆံပင်ကို အမြင့်စီးပီး ဖဲပြား​လေးတပ်ထား​သော ကြာရိပ်ချို သည် အရပ်သိပ်မမြင့်​ပေမယ့် ပိန်ပိန်သွယ်သွယ်​လေးနှင့် ချစ်စရာ​ကောင်း​နေတာ​တော့အမှန်ပင်။... တစ်မျိုး​ပြောရရင် ရင်ထဲ​အေးသွား​စေတဲ့အလှမျိုးပင်။

" မိုး​တွေရွာလာ​တော့ ​ကျောင်းတက်ခဲ့တဲ့အချိန်​တွေကို​တောင် သတိရတယ်......ဟင်းးးးး......အတိတ်အ​ကြောင်း​တွေပြန်မ​တွေး​တော့ပါဘူး​လေ..... " သက်ပြင်းတစ်ချို့ချလိုက်ကာ ​တွေးလက်စအ​တွေး​တွေကို ရပ်တန့်ပစ်လိုက်သည်။

ထိုစဥ်...." Ring......Ring....."

"ဟယ်လို......​သော်​သော် ​ပြော"
​သော်​သော်သည် ကြာရိပ်ချို မိုးကုတ်မြို့​လေးကိုစ​ရောက်တည်းကခင်ခဲ့တဲ့ တက္ကသိုလ်က တစ်ဦးတည်း​သောသူငယ်ချင်းဖြစ်သည်။

" ရိပ်.....နင်ဘယ်​ရောက်​နေပီလဲ မိုး​တွေရွာလာလို့ ငါဖုန်းဆက်လိုက်တာ ငါကချိန်းထားတဲ့​နေရာကို​ရောက်​နေပီ​နော်..."

" ဟုတ်တယ် ငါလဲ​ရောက်​နေပီ အဲ့အနားကို .....မိုး​တွေရွာလာလို့ ထီးမပါတာနဲ့အဲ့နားကကုန်စုံဆိုင်​လေးမှာ ငါမိုးခဏခို​နေတာ ....." ​

"နီးတယ်ဆိုရင် .....ငါလာ​ခေါ်မယ်​လေ နင်ဘယ်နားမှာလဲ location shareလိုက်​နော် ....."
မိုးမိပီး ရိပ် ဖျားမှာစိုး၍ ​​သော်​သော်တစ်​ယောက် လာ​ခေါ်မည်လုပ်​​နေ​လေပြီ

"​နေ.....​နေ.....ငါ​ပြေးလာခဲ့မယ် ခဏ​လေးပဲ​စောင့် "....

ရိပ်လဲ ​သော်​သော့်ကိုအားနာလာ၍ မိုးဖွဲဖွဲထဲ ​ပြေးထွက်လိုက်သည်

"အာ့........" ရိပ်သည် ထီး​ဆောင်းလာ​သော လူတစ်ဦးနှင့်အရှိန်ပြင်းပြင်းတိုက်မိသွားသည်။

ချစ်​သော.......Where stories live. Discover now