Part(11)

6.8K 121 2
                                    

                                 အပိုင်း ( 11 )

ဒီ​နေ့ရှယ်ယာရှင်အစည်းအ​ဝေးရှိတာမို့ ထက်နဲ့အတူ Companyကို လိုက်ရမည်။
အပြာ​ရောင်  ကြိုးတစ်လုံး crop top ​လေးကိုအ​ပေါ်က ကုတ်အဖြူ​လေးထပ်ဝတ်လိုက်သည် ။ ​အောက်က​တော့ ဂျင်း​ဘောင်းဘီအကြပ်​လေးကို ခါးပတ်ပါးပါး​လေးနဲ့တွဲဝတ်ဆင်ကာ ဒီ​နေ့​တော့ ​ခေါင်းအနည်းငယ်ကိုက်​နေ၌ ဆံပင်ကို မစည်းထား​​တော့ပဲ ဖြန့်ချထားလိုက်သည်။ ရှယ်ယာရှင်ဖြစ်​နေတဲ့အပြင် ထက်ရဲဇနီးမယားအဖြစ် လူ​တွေသိထားကြ​တော့ ထက်နဲ့လိုက်ဖက်​အောင်​တော့ ပြင်ဆင်ရသည်။

"မင်း မနက်စာစားပြီးရင် သွားကြမယ်....ငါရုံးမှာလုပ်စရာ​တွေရှိ​သေးလို့........"

ထက်လဲ ​ရေမိုးချိုးပြီးတာနဲ့ ကား​ပေါ်တက်​နေလိုက်သည်။

ရိပ်​ရောက်လာတဲ့​နေ့တည်းက ထက်  မနက်စာသိပ်မစားပါ။ထိုမိန်းမနဲ့ မျက်နှာချင်းဆိုင်ပြီးစားရတာ ထက်အတွက်အဆင်မ​ပြေပါ......မနက်တိုင်း ​ဒေါသထွက်​နေရလိမ့်မည်။

ကား​ပေါ်ကို ရိပ် တက်လာတာနဲ့ ရုံးကိုသာဦးတည်ပြီး ခပ်သွက်သွက်​မောင်းလာခဲ့သည်။နှစ်​ယောက်လုံး ရှယ်ယာကိစ္စကလွဲပြီး ကျန်တာ မ​ပြောဖြစ်ကြ။

Company၏ရုံးခန်းကို​ရောက်သည်နှင့်  မိန်းက​လေးတစ်​ယောက် ထွက်ကြို​နေသည်။သူမသည် ထက်​ ပြော​ပြော​နေတဲ့ သူ့ရဲ့အတွင်း​ရေးမှူးမ​လေးဖြစ်လိမ့်မည်။ ရုပ်ရည် အသားအရည် က​​တော့ မင်းသမီး​တောင်လုပ်လိူ့ရ​လောက်သည်။မျက်နှာကို​တော့ ရိပ်ရင်းနှီးသလိုဖြစ်​နေ​သော​ကြောင့် ဘယ်မှာမြင်ဖူးလဲ စဥ်းစား​နေမိသည်။

"သူ​ဌေး ​ရောက်လာပီလား......ပျိုဖြူ စာရွက်စာတန်း​တွေအကုန်ပြင်ဆင်ထားပြီးပါပြီ.......​ကော်ဖီလဲ​ဖျော်ထားတယ်...."

အသံ​လေးကလဲ ရိပ်ထက်အများကြီး ချိုသာသည်။ဘာ​ကြောင့်မှန်းမသိ  ရိပ်အနည်းငယ် သဝန်တိုမိသည်။ ဘာပဲဖြစ်ဖြစ် ထက်အတွက်အကူအညီရတဲ့လူ ဘယ်သူ့ကိုမဆို ရိပ်သ​ဘောကျပါသည်။ရိပ်က  ထက်အနား​တောင်ကပ်ခွင့်မရှိသူ မဟုတ်လား။ထက်အနားမှာ ကူညီမယ့်လူ​တွေရှိ​နေရင်​တော့ အနည်းငယ်စိတ်​အေးရပါသည်။

ချစ်​သော.......Место, где живут истории. Откройте их для себя