အပိုင်း(16)
မနေ့ညကထိ ရိပ် နေလို့နေလို့မကောင်းပေမယ့် ညက ထက်က ကိုယ့်ပေါ်နွေးထွေးပေးလို့လားမသိ......မနက်တည်းက စိတ်ရော လူရော လန်းဆန်းနေသည်။ထက်က နေမကောင်းသေးပဲ ရိပ်ကိုမလိုက်နဲ့ဆိုသောကြောင့် မနက်စာအတူစားပြီးတာနဲ့ ထက်က Company သို့သွားသည်။ရိပ်က အိမ်မှာလဲပျင်းနေတာနဲ့ လိုအပ်တာတွေဝယ်ရအောင် Shopping ထွက်လာခြင်းဖြစ်သည်။
စျေးထွက်မဝယ်ဖြစ်တာကြာတော့ လိုအပ်တာတွေများနေသောကြောင့် ရိပ်တစ်ခုချင်း စီစစ်ပြီး ဝယ်နေလိုက်တော့သည်။
ဗုန်း..........
"အမလေး........"
ရိပ် ငေးပြီးလျှောက်လာလိုက်တာ လူတစ်ယောက်နှင့်တိုက်မိတဲ့အထိပါပဲ........။
"ရရဲ့လား......ကျတော်တောင်းပန်ပါတယ်......ကျတော်မမြင်လိုက်လို့ပါ........."
ရိပ်ကဝင်တိုက်တာဆိုပေမယ့် သူကချည်းတောင်းပန်နေသောကြောင့် မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည် အသားညိုညိုနှင့် ရှပ်အကျီအဖြူကို ခါးထည့်ပြီး စတိုင်ဘောင်းဘီကိုတွဲပြီူဝတ်ဆင်ထားသောကောင်လေး...........ချောတာမှန်ပေမယ့်...ထက်နဲ့တိုက်မိတုန်းကလိုတော့ ရိပ် ရင်မခုန်။"ဟင်.....ကြာရိပ်ချိုမဟုတ်လား.......ငါ ထူးမြတ်ပိုင်လေ....နင်မမှတ်မိဘူးလား.......နင်ကျောင်းပြောင်းသွားတည်းက ငါဆက်သွယ်ကြည့်သေးတယ် နင်ငါ့ကိုကူညီထားတဲ့ ငွေပြန်ဆပ်မယ်ဆိုပြီး.....ဟင်းဟင်း......."
ရီမောလျက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပါးချိုင့်ပေါ်အောင်ပြုံးလိုက်တော့မှ ရိပ် မှတ်မိသွားတော့သည်။
"ဟယ်.....နင်......ငါမှတ်မိပြီ.....နင်ဘယ်လိုလုပ် မိုးကုတ်ကိုရောက်နေတာလဲ.......ငါကကျောင်းပြောင်းပြီးတည်းက ဒီမှာပဲအခြေကျနေတာ....နင်ရော......"
ငယ်ငယ်က တစ်ခန်းတည်းတူတူစာသင်ခဲ့ရတဲ့ ပါးချိုင့်နဲ့ကောင်လေး။သူ့အဖေက သူငယ်ငယ်တည်းကဆုံးပါးသွားပြီး သူ့အမေကပဲရှာဖွေပြီး ကျောင်းထားပေးတာကြောင့် စာသိပ်ကြိုးစားလို့ ရိပ် သတိထားမိခဲ့သည်။ဆင်းရဲလို့ဆိုပြီး သူငယ်ချင်းတောင် သိပ်မရှိလို့ မုန့်စားဆင်းချိန်တွေဆို တစ်ယောက်တည်းပဲ ထမင်းဘူးလေးဖွင့်စားနေခဲ့တာ။မှတ်မှတ်ရရ တစ်နေ့ သူ့အမေ အသည်းအသန်ဖြစ်လို့ ဆေးရုံကိုတန်းသွားရမှာမို့ ကျောင်းအဝနားမှာထိုင်ငိုနေလို့ ရိပ်မှာပါလာတဲ့ ပိုက်ဆံ အကုန်ထုတ်ပေးလိုက်သည်။အစက လက်မခံပေမယ့် သူ့အမေအခြေနေက ဆိုးသည်ဆိုသောကြောင့် လက်ခံခဲ့သည်။ဒါတောင် ငါရအောင်ပြန်ဆပ်မယ်လို့ ပြောသေးသည်။ထိုနေ့က မိုးနဲ့အတူ နားနေခန်းမှာအဝတ်သွားလဲတဲ့နေ့ဖြစ်သည်။ မိုးတောင် သူ့ကို ရိပ်နဲ့အတူတူကူညီလိုက်သေးသည်။အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းလှသည်။ပြန်စဥ်းစားကြည့်တော့ အချိန်တွေဟာ အတော်ကြာခဲ့ပြီ။မိုးကိုလုပ်ကြံခဲ့တဲ့ တရားခံကိုရှာဖို့ဆို သူငယ်ချင်းဟောင်းနဲ့ပြန်တွေ့တာလဲ အကူအညီဖြစ်လောက်သည်မဟုတ်လား။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...