Part (8)

6.1K 115 6
                                    

                                 အပိုင်း (8)

"ကျစ်......တိတ်စမ်းကွာ.....ကျက်သ​ရေမရှိဘူး......မင်းအသားကိုလဲ ငါကမထိချင်ပါဘူး...မင်းငိုတာကို မြင်ချင်ရုံပဲ....."

ထက်လဲ မျက်ရည်​တွေရွှဲပြီး ​တောင်းပန်​နေတဲ့ ရိပ်​ကြောင့် အနမ်း​တွေကိုရပ်တန့်လိုက်ကာ အိပ်ယာ​ပေါ်မှထသွားသည်။သူ့လုပ်ရပ် လွန်သွားသည်မဟုတ်လား။

"ဒီမှာ ထက်.....ရိပ်က ရှင့်စီးပွား​ရေးကိုပါ ငဲ့ပြီး ဒီလမ်းကို​ရွေးချယ်ခဲ့တာ....ရိပ်အ​ပေါ်ဒီလိုဆက်ဆံတာ အရမ်းလွန်တယ်. ....ငယ်ငယ်တုန်းက ရိပ်သည်းခံခဲ့​ပေးမယ့်   အခုချိန်မှာ ထက်​ရော ရိပ်​ရော စဥ်းစားချင့်ချိန်တတ်တဲ့ အရွယ်ကို​ရောက်​နေပါပီ... .​နောက်တခါ ဒီလိုထပ်မလုပ်ပါနဲ့......."

​ကျော​ပေးကာရပ်​နေ​သော ထက်ကို ရိပ်လှန်း​ပြောလိုက်သည်။
ဝတ်စုံ​တွေ​ကြောင့်လဲ အရမ်းစိတ်အိုက်​နေပြီဖြစ​်​သော​ကြောင့် ရိပ်  ထက်ရဲ့အခန်းထဲကထွက်လာခဲ့သည်။

"​တောက်......မင်းအတွက် ငရဲခန်း​တွေ ငါထပ်စီစဥ်ဦးမှာ ကြာရိပ်ချို.....မင်း  အမြဲတမ်း မျက်ရည်​တွေနဲ့ဖြစ်​နေ​စေရမယ်  ဒါမှလဲ မိုးအတွက် တရားမျှတမှာ....."

အခန်းထဲက ထွက်သွား​သော ရိပ်ကို ကြိမ်းဝါးလိုက်သည်။​စော​စောက ရိပ်၏မျက်ရည်​တွေကိုမြင်ရ​တော့  သနားစိတ်ဝင်မိသည်။အမှန်ဆိုလျှင် ထက်ဟာ ဒီ​လောက်ရိုင်းစိုင်းတဲ့လူတစ်​ယောက်မဟုတ်။ သို့​သော်လဲ ဒီမိန်းမ၏မာယာတွင် ကျရှုံးလို့မဖြစ်။

ထက်  Company၏ရုံးခန်းကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို.....ငါ့အတွက် အတွင်း​ရေးမှူးတစ်​ယောက်ရှာထား​​ပေး......အိမ်​ထောင်မရှိတဲ့လူ  သွက်လက်ပြီး အလိုက်သိတဲ့သူဖြစ်ရမယ်.....ပြီး​တော့  အ​ချောဆုံး​ကောင်မ​လေး​တွေထဲက တစ်​ယောက်​ရွေးပြီး ခန့်လိုက်......."

ထက်သည်  ရုံးခန်းကိုဖုန်းဆက်ပြီး​နောက် မဲ့ပြုံးတစ်ခုသာပြုံးလိုက်သည်။

"ရိပ်​လေး  နိုးလာပြီလား.....​ဒေါ်​ဒေါ်ချို မနက်စာ​တွေအားလုံးပြင်ဆင်ပြီးပြီ​နော်.....​သား  ထက်​ရော  မနိုးသေးဘူးလား....."

ချစ်​သော.......Where stories live. Discover now