အပိုင်း (12)
"ဟယ်လို.....ဟင်.....ဘယ်လိုဖြစိရတာလဲ .....သေချာစီစဥ်ခိုင်းထားတာကို.......ခုထိ မရသေးဘူးလား.....ဟုတ်ပီ....လာခဲ့မယ်............"
ပျိုဖြူခင် ဖုန်းကိုဖြေလိုက်ပြီး မျက်နှာမကောင်းစွာ ထက်ကိုပြောလိုက်သည်။
"သူဌေး......ဟိုလေ......ဓါတ်လှေကားကို ၁၀မိနစ်ပဲဖျက်ဖို့လုပ်ထားပေမယ့်.....ခုကerrorတက်ပြီး တကယ်ပျက်သွားလို့ ပြင်တဲ့အဖွဲ့ခေါ်မှရတော့မယ်လို့ ဖုန်းဆက်လာပါတယ်........"
"ဘာ.....အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ....ခုချက်ချင်းစက်ပြင်တဲ့အဖွဲ့ကိုခေါ် အခုရောက်အောက်လာခိုင်း......ဒီထက်အချိန်ကြာရင် ရိပ်သေသွားလိမ့်မယ်......."
ထက် စားပွဲပေါ်က ဖုန်းကိုကောက်ယူပြီး ဓါတ်လှေကားဘက်သို့ပြေးလာလိုက်သည်။ဒုက္ခပေးချင်တာမှန်ပေမယ့် ဒီလောက်ကြာရင် သူမအသက်အန္တရာယ်ရှိသွားလိမ့်မည်။ရိပ်ကို လက်မလွှတ်ချင်ပါ.....ဒီလိုပုံစံနဲ့ သူ့ဘဝထဲက ထွက်သွားခွင့်မပေးနိုင်ပါ......မုန်းလို့အနားမှာထားချင်ခဲ့တာ အမုန်းတွေမပြေမချင်း မင်းကိုဘယ်မှ ပေးမသွားနိုင်ပါ။
"ထက်.....ရိပ်ကို တကယ်ပဲ လာမကယ်တော့ဘူးလား.......ထက်ရဲ့အမုန်းတွေကို ရိပ် ဖြေလျော့ပေးချင်သေးတယ်....ရိပ်မှာ....ရိပ်မှာ ရှင်းပြစရာတွေတပုံကြီးပဲ ထက်ရယ်......."
အသက်ပင်မရှုနိုင်တော့သောကြောင့် ခေါင်းတစ်ခုလုံးမူးဝေကာ ရိပ်လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားတော့သည်။
တစ်ဖက်မှာလည်း ထက်ရဲ့အမိန့်ကြောင့် စက်ပြင်အဖွဲ့ချက်ချင်းရောက်လာကာ ဓါတ်လှေကားကိုအမြန်ဆုံးရအောင်ဖွင့်လိုက်တော့သည်။
အထဲတွင် ချွေးတွေစိုရွဲကာ ဖြုဖတ်ဖြူလျော်နှင့် သတိလစ်နေသော ရိပ်ကိုတွေ့လိုက်ရသည်။
"ရိပ်.....ရိပ် .......ဆေးရုံကား....ဆေးရုံကားခေါ်ထားတာ ရောက်ပီလား........"
ရိပ်ကိုပွေ့ချီကာ သွေးရူးသွေးတန်းဖြစ်နေသော ထက်။မိုးတုန်းကလဲ ဒီလိုနဲ့ပဲသူ့ဘဝထဲကထွက်သွားခဲ့သည်။အခု သူမရော ဒီလိုပဲထားပြီးထွက်သွားတော့မှာလား။မဖြစ်သေးဘူး.....မင်းကိုလက်စားချေစရာတွေအများကြီးရှိသေးတာ ကြာရိပ်ချို။ ထို့နောက် ဘာကြောင့်မှန်းမသိ.... ထက်ရဲ့ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်စတို့။

أنت تقرأ
ချစ်သော.......
عاطفية🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...