Part (14)

6.2K 125 19
                                    

                              အပိုင်း (14)

"လွှတ်.....လက်ကို......"

ပျိုဖြူထွက်သွားသည်နှင့် ရိပ်သည် ထက်၏လက်ကို ခါး​ပေါ်မှဖယ်လိုက်ကာ စာရွက်စာတမ်း​တွေကို စားပွဲ​ပေါ်တင်လိုက်သည်။

"ဒီမှာ.....မမဇွန်​ပေးလိုက်တာ....ရှင်လက်မှတ်ထိုးပြီးရင် ပြန်သွား​ပေးမလို့ ခုထိုး​ပေးလိူ့ရမလား......."

ခပ်တည်တည်ဖြင့်သာ ရိပ်​ပြောလိုက်သည်။

"​စော​စောက​ပြော​တော့ ​ဆေးလိမ်း​ပေးမလို့ဆို.....အသားယူတုန်းကယူပြီး......မသိချင်​ယောင်​ဆောင်​နေတာလား  ကြာရိပ်ချို......."

ထက်လဲ  ရိပ်ကိုနားမလည်စွာ​မေးကာ စာရွက်​တွေ​ပေါ် လက်မှတ်ထိုးလိုက်သည်။

"အသားမယူပါဘူး.....ထက်ရဲ့ အတွင်း​ရေးမှူး​မ​လေးလိုတော့အသားမယူရဲပါဘူး ထက်က  သူ့ကိုကြည်ဖြူ​ပေမယ့် ရိပ်ကို ကြည်ဖြူတာမှမဟုတ်တာ  တခြားလူ​တွေမြင်ရင် ထက်နဲ့ပျိုဖြူခင်ကို တစ်မျိုးထင်ပြီး အကျည်းတန်မှာစိုးလို့  ရိပ်က ကြားဝင်လိုက်ရုံပါ.....စိတ်ချပါ  ထက်အ​ပေါ် ဘာစိတ်မှမရှိပါဘူး........"

ရိပ်ကို တစ်မျိုးထင်ပြီး ချိုးနှိမ်ပြီး​ပြောမည်စိုး​သော​ကြောင့်  ရှင်းပြလိုက်သည်။သူ့ကို ချစ်လို့ သဝန်တိုလို့ဆိုတာ သူသိရင် ဒီထက် ​လှောင်​ပြောင်ပြီး  ​စော်ကားဦးမည်ကို ရိပ်​ကြောက်သည်။

"​ကော်ဖီ​​တွေမှောက်သွားလို့ သုတ်​ပေးရုံပါပဲကွာ.....​​ရေးကြီးခွင်ကျယ်လုပ်လို့....မင်းနဲ့ငါက ချစ်လို့ယူထားကြတာလဲမဟုတ်ပဲ အကဲပိုမ​နေနဲ့.....​ရော့ ဒီမှာ လက်မှတ်ထိုးပီးပီ.....ယူပြီး သွား​တော့......"

လက်မှတ်ထိုးထားတဲ့ စာရွက်​တွေကို ရိပ်ဆီသို့ ကမ်း​ပေးလိုက်သည်။

"အင်း.....သွားမှာပါ.....ပီး​တော့ ဒီည​နေ ရိပ်အိမ်ပြန်​နောက်ကျမှာမို့  ထက်ပြန်နှင့်ပါ ရိပ်ကိုမ​စောင့်နဲ့​တော့......"

"ဘာလို့လဲ.....ဘယ်သွားစရာရှိလို့လဲ......."

"ရိပ် အလုပ်စဝင်တဲ့​နေ့မို့  မမဇွန်နဲ့ဝန်ထမ်းတစ်ချို့ကို  မုန့်လိုက်​ကျွေးရမှာမို့ပါ.....​နောက်ကျမှာမို့ မ​စောင့်နဲ့​တော့......."

ချစ်​သော.......Where stories live. Discover now