Part 30
ဒေါက်.....ဒေါက်
"ရိပ်.....ကိုယ်ဝင်လာလို့ရမလား......"
"ရိပ်....ရိပ်....."
တော်တော်ကြာသည်အထိ ဘာသံမှမကြားရသောကြောင့် ထက် ဆေးရုံအခန်းတံခါးကိုဖွင့်ကြည့်လိုက်သည်။အခန်းထဲမှာ ဘယ်သူမှမရှိ။ကုတင်ရော စောင်ရော အခန်းရောက အသစ်အတိုင်းသာဖြစ်နေသည်။
"ရိပ်....."
ရေချိုးခန်းတံခါးကိုဖွင့်ပီးခေါ်တော့လဲ ရိပ်ရဲ့အရိပ်အယောင်ပင်မတွေ့ရ။ထက် စိတ်ပူစပြုလာတော့သည်။အခန်းတံခါးဖွင့်ကာ အခန်းနံပါတ်ကိုသေချာပြန်ကြည့်တော့လဲ ရိပ်ရဲ့အခန်းသေချာပါသည်။
ဖြတ်လျှောက်လာတဲ့ nurse တစ်ယောက်ကို မေးလိုက်တော့သည်။
"ဆရာမ ......ဒီအခန်းကလူနာကိုမတွေ့လို့ပါ အခန်းပြောင်းသွားတာလား....."
Nurseက မှတ်တမ်းစာအုပ်ကိုလှန်ကာ စစ်ကြည့်ပေးသည်။
"အခန်းမပြောင်းဘူးရှင့်.......ဆေးရုံဆင်းသွားတာပါ......"
"ခင်ဗျာ.......ကျတော် သူ့အမျိုးသားပါ....ကျတော့ကိုအသိပေးတာမျိုးလဲမရှိပါဘူး.....သွေးနုသားနုနဲ့ကိုဒီတိုငိးပေးဆင်းရလားဗျာ........"
ထက် ဒေါသတွေကို nurseဆီသို့သာ ပုံချမိတော့သည်။
"လူနာရဲ့အဖေကိုယ်တိုင် လက်မှတ်ထိုးပီးခေါ်သွားတာပါရှင့်......."
Nurse ထွက်သွားပီးသည်ထိ ထက် ကြောင်အမ်းအမ်းနှင့်သာ ကျန်ခဲ့တော့သည်။ရိပ် တကယ်ပဲခွင့်မလွှတ်နိုင်မှာကို ကြောက်မိသည်။ရင်သွေးလေးကိုဆုံးရှုံးလိုက်ရပြီ.....ရိပ်ကိုတော့ ထပ်အဆုံးရှုံးမခံနိုင်.......ဒီဘဝရော ဘဝဆက်တိုင်းရောကို ရိပ်ကိုသာပေးဆပ်ချင်ပါတော့သည်။
ထက် ကားမောင်းပြီး ရိပ်ရဲ့အဖေ့အိမ်ဆီသို့ဦးတည်လာလိုက်သည်။
"အဖေ အဖေ.....တံခါးလေးဖွင့်ပေးပါဦး....ကျတော်ထက်ပါ ....."
တံခါးကိူ ဆက်တိုက်ထုနေမိတော့သည်။
"ကျွီ........ဝင်ခဲ့"
ရိပ်ရဲ့အဖေက တံခါးလာဖွင့်ပေးသည်။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...