Part 28
"နင် ဒီလိုလုပ်လဲ ထက်ကနင့်ကိုချစ်လာမယ်ထင်နေတာလား......ဝေးသေးတယ်ဟာ........"
ရိပ် ပျိုဖြူခင်ရဲ့အရှိုက်ကိုထိအောင်ပြောလိုကါသည်။
"ဘာ......နင်ကများ.....ဖြန်းဖြန်း......"
ရိပ်ရဲ့ပါးနှစ်ဖက်လုံး ထုံကျင်သွားတော့သည်။"ဟဲ့.....ဒီကောင်မကိုပညာပေးလိုက်စမ်း......"
ပျိုဖြူရဲ့တပည့်နှစ်ယောက် ရိပ်ရှေ့ကိုရောက်လာသည်။ထို့နောက် ရိပ်ရဲ့ဗိုက်ကို လက်သီးနှင့်ထိုးလိုက်တော့သည်။"အား.........မလုပ်ပါနဲ့.......ဗိုက်ကိုမထိကြပါနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ......ကယ်ကြပါဦး......ဟီးဟီးဟီး....."
ရိပ်ရဲ့မျက်ရည်တွေဟာ ကြောက်လို့မဟုတ်ပဲ ဗိုက်ထဲကကလေးမတွက် အသနားခံနေခြင်းဖြစ်သည်။
"နင်နဲ့ထက်ရဲ့ရင်သွေးကို ငါကအလွတ်ပေးမယ်ထင်နေတာလား ကြာရိပ်ချို........"
"ဘာလုပ်နေတာလဲ.......ထိုးလေ မသေမချင်းထိုးကြ........"
ပျိုဖြူရဲ့တပည့်နှစ်ယောက်လက်သီးတွေကိူဆုတ်ကာ ရိပ်ထံသို့ လက်တွေရွယ်လိုက်သည်။
"ဒိုင်း......ဒိုင်း......"
"တစ်ယောက်မှမလှုပ်ကြနဲ့........မင်းတို့ကို ဝိုင်းထားပီ လွတ်လမ်းမရှိတော့ဘူး......."
ထူးမြတ်ပိုင်ရဲ့ ရဲတပ်ဖွဲ့ရောက်လာခြင်းဖြစ်သည်။
"ရိပ်.....ရိပ်......"
ခုံပေါ်တွင် လက်ပြန်ကြိုးတုပ်ခံထားရသော သူ့ရဲ့ချစ်ဇနီး။
"ရိပ်.....ဘယ်လိုဖြစ်တာလဲကွာ.......ကိုယ့်အမှားတွေပါ ကိုယ်မယုံခဲ့လို့ ကိုယ်ပေါ့လျော့ခဲ့လို့....."
ရိပ်ရဲ့ကိုယ်ပေါ်က ကြိုးတွေကိုဖြည်လိုက်တော့ ရိပ်က ထက်ရဲ့ရင်ခွင်ထဲ ပြိုလဲကျလာတော့သည်။"ရိပ် ဘာမှမဖြစ်ရဘူးနော်....အားတင်းထားပါဦး.....ကိုယ်တို့ကလေးလေးအတွက် အားတင်းပါဦးကွာ........"
အကျီအိတ်ထဲက သေနတ်ကိုဆွဲထုတ်လိုက်သည်။ထက်ကို သူမှမပိုင်ဆိုင်ရရင် ဘယ်သူမှပိုင်ဆိုင်ခွင့်မရှိစေရ။အခုအရှုံးပေးလိုက်ရင် ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်တော့မည်။
ပျိုဖြူခင် သေနတ်မောင်းကို ဆွဲလိုက်သည်။ကျည်ဆန်က ဖြတ်သန်းလာပီးနောက်.......
"ဟင်.......ထက်"
နောက်က သေနတ်ကိုရိပ် မြင်သွားပီးနောက် ထက်ရဲ့ကိုယ်ကိုဆွဲလှည့်လိုက်သည်။"ဒိုင်း......"
ကံတရားက ရိပ်ကိုထပ်ပီးဒဏ်ခတ်လိုက်သည်။ထက်ကို လှည့်လိုက်နိုင်ပေမယ့် ကျည်ဆန်က ရိပ်ရဲ့ပုခုံးထဲသို့ နစ်မြုတ်သွားပီးဖြစ်သည်။
"ဒိုင်း......"
ထူးမြတ်ပိုင်ရဲ့ကျည်ဆန်ကလဲ ပျိုဖြူခင်ရဲ့ လက်ဆစ်ကို ဖြတ်သန်းသွားတော့သည်။"တရားခံကို လက်ထိပ်ခတ်......"
"ရိပ်......ရိပ်.......မင်းကွာ.....ဘာလို့ဒီလောက်ထိ ငါ့အတွက်ကာကွယ်ပေးတာလဲ ....ငါကမကောင်းတဲ့သူပါ.....သတိထားပါဦး.......ဆေးရုံကားခေါ်ပေးကြပါ.....ကျနော့်မိန်းမကိုကယ်ပေးကြပါ........."
အော်ငိုနေတဲ့ ထက်ရဲ့လက်ကို ရိပ်ဆုပ်ကိုင်လိုက်သည်။
"မငိုပါနဲ့ ထက်ရယ်......ခုဆို မိုးအတွက် ရိပ်အကုန်ပေးဆပ်လိုက်ပါပီ......ထက်ရဲ့ အချစ်ဦးကိုဆုံးရှုံးစေတဲ့အတွက် ရိပ် ရိပ်စိတ်မကောင်းပါဘူး.......ကလေးအတွက်လဲ ရိပ်မကာကွယ်နိုင်ခဲ့ဘူး......ရိပ်ကို မုန်းတဲ့အမုန်းတွေအတွက် ရိပ်တာဝန်ကျေပီလို့ထင်ပါတယ်........"
ပုခုံးက သွေးတွေက စီးကျလာတော့သည်။ထက်ရဲ့အမုန်းတွေ ကျေရင် ရိပ်ကျေနပ်ပါပီ။အမြင်တွေက ဝေဝါးလာသည်။ထက်ရဲ့ မျက်နှာကို မြင်နေရတာဟာ ဒါနောက်ဆုံးအကြိမ်များလား........."
"ဗုန်း......"
ရိပ်ရဲ့လက်ကလေး မြေပြင်ပေါ်လွတ်ကျသွားတော့သည်။
"ရိပ်.......ရိပ်.......ကယ်ပါဦးဗျာ......."
"ဝီဝီဝီ............"
လူနာတင်ကားအသံသဲ့သဲ့သာ ရိပ်ကြားရတော့သည်။
#ဒီအပိုင်းလေးက နည်းနည်းတိုသွားတယ်နော် သာသာအခုမှအားလို့ပါရှင့်
ဇာတ်သိမ်းလေးနီးလာပီဆိုတော့ သာသာ့ကို feedback လေးတွေရေးခဲ့ပေးပါဦးနော် စာဆက်ရေးဖို့ အားအင်တွေများကြီးလိုချင်လို့ပါ
လိုအပ်တာတွေရှိရင် ထောက်ပြပေးပါနော် တကယ်စိတ်မဆိုးပါဘူး ဒါဒါလေးတို့ရေ❣️

BINABASA MO ANG
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...