Final

8.2K 94 0
                                    

Part 33 (final)

"ထက် .......ရှင်ရူးသွားပီလား......"

"လူနာနဲ့သေချာတိုင်ပင်ပီးရင် ကျတော့်ရုံးခန်းကိုလာတွေ့လို့ရပါတယ် .......ခွင့်ပြုပါဦး......"

ဆရာဝန်လည်း အခြေအနေတွေတင်းမာနေသောကြောင့် ရှောင်ထွက်သွားသယောင်ပင်ဖြစ်သည်။

"မင်းက ထွက်သွားတော့မှာမလား.......မင်းမရှိရင် အသက်ရှင်နေလဲမထူးဘူး ငါလုပ်ခဲ့တဲ့အပြစ်တွေအတွက်ပြန်ပေးဆပ်ရတယ်လို့ပဲသဘောထားပါတယ် ရိပ်......."

မောနေသည့်ကြားမှ ထက် အသက်ကိုပြင်းပြင်းရှူကာပြောလိုက်သည်။

"ရှင့်ရဲ့ပေးဆပ်မှုက ကျမတို့သားအမိအတွက် ဘာအကျိုးမှမရှိလို့ပြောနေတာ  ကျမကိုနောက်ဆံတင်းအောင်လုပ်ပီး ဒုက္ခတွေထပ်ပေးဦးမလို့လား.....ရှင့်နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်တော့လို့ နှာခေါင်းသွေးလျှံပီး သတိလစ်သွားတာ မခွဲစိတ်ရင်ရှင်သေမှာ  အဲ့တော့ရှင်စဉ်းစား........"

ရိပ် စကားကိူခပ်မာမာသာပြောလိုက်သည်။

"ငါသေဖို့ဆုံးဖြတ်ထားပီးသား......မင်းငါ့အနားမနေနိုင်ရင် ထွက်သွားမယ်ဆိုရင် ငါလဲထွက်သွားဖို့ဝန်မလေးဘူး ရိပ်......ကိုယ်တို့အများကြီးလွဲခဲ့ပီးပီ.....ဒီတခါတော့ ရိပ်ကိုယ့်ကိုငဲ့ပေးလို့ရမလားကွာ ဟင်......"

ထက် ယောကျ်ားတန်မယ့် မျက်ရည်တို့စီးကျလာခဲ့သည်။

"Sorryပဲ ထက်......ရှင်အဆင်ပြေသလိုဆုံးဖြတ်နိုင်တယ်.....ကျမဆုံးဖြတ်ချက်တွေကိုတော့ပြင်မှာမဟုတ်ဘူး နှုတ်ဆက်ခဲ့ပါတယ်......"

ရိပ် ထက်ကိုကျောခိုင်းကာ ထွက်လာမိတော့သည်။
ထက်ကိုခွင့်လွှတ်ဖို့တွေးမိတိုင်း တွေ့ခွင့်မရလိုက်တဲ့ကလေးလေးက ခေါင်းထဲဝင်ဝင်လာသည်။ရိပ် အံကိုကြိတ်ကာ ဆေးရုံခန်းထဲမှ ထွက်လာခဲ့တော့သည်။

တစ်ပတ်အကြာ.......

"ဆရာ.....ကျတော်ခွဲစိတ်ချင်တဲ့ဆန္ဒမရှိလို့ပါ......ကျတော်သောက်ဆေးလောက်ဆိုရပါပီ ကျတော်ဆေးရုံလဲဆင်းချင်ပီ........"

ထက် ကုတင်တွင်ထိုင်ကာ ဆေးမှတ်တမ်းတင်နေသော ဆရာဝန်အားလှမ်းပြောလိုက်သည်။

ချစ်​သော.......Where stories live. Discover now