31
"ဟယ်လို......ထူးမြတ် ငါအကူညီတောင်းစရာလေးတစ်ခုပေါ်လာလို့ ........."
မိုးလင်းတာနဲ့ ထက် ဖုန်းဆက်သောကြောင့် ထူးမြတ်အနည်းငယ်လန့်သွားသည်။
"ကိုထက်ပြောလေ......ရိပ်ကိုတွေ့ပီလား......ဘာကူညီပေးရမလဲ......"
"မတွေ့သေးပါဘူး ထူးမြတ်ရာ......ရိပ်ရဲ့တည်နေရာကိုလေ ကူပီးစုံစမ်းပေးပါလား.....ပီးတော့ ငါဒီနေ့ သတင်းစာတိုက်ကိုသွားပီး ကြော်ငြာထည့်မလို့ ရိပ်တွေ့လိုတွေ့ငြားပေါ့........"
ထက်ပြောတာနားထောင်ပီး ထူးမြတ်ပင် သနားမိသည်။
"လက်မလျှော့နဲ့ ကိုထက်......တနေ့ကျရင် ခွင့်လွှတ်လာမှာပါ......ကျနော်လဲ ကူရှာပေးမယ် အားတင်းထား......."
ထူးမြတ်နဲ့ဖုန်းပြောပီးသည်နှင့် ထက် သတင်းစာတိုက်ဆီသို့လာလိုက်သည်။
"ဟုတ်ကဲ့ .....နေ့တိုင်းထည့်ပေးပါခင်ဗျ.......ကျသင့်ငွေအတွက် ကျနော်တာဝန်ယူပါတယ်......."
သတင်းစာတိုက်ထဲမှ ထက် ထွက်လာလိုက်သည်။
"ဆရာ......ဒီလူက နေ့တိုင်းဘာတွေများထည့်မှာလဲ .....စာတိုက်မှ ရုံးဝန်ထမ်းတစ်ဦးက မေးလိုက်သည်။
သူ့ဇနီးအတွက် တောင်းပန်လွှာတဲ့လေ။
"ဗျာ....."
တစ်ဖက်တွင်.........
"အမ ဒီနေ့သတင်းစာဖတ်ဦးမလား......."
Nurse မှမေးလိုက်သောကြောင့် ငေးလက်စကိုရပ်ကာ ရိပ် ပြတင်းပေါက်ဆီမှ ဆိုဖာဆီသို့ လျှောက်လာလိုက်သည်။"ဟုတ်ကဲ့ ဆရာမ.....ပျင်းနေတာနဲ့အတော်ပဲ....ဖတ်ကြည့်လိုက်မယ်နော်......."သတင်းစာဖတ်လေ့မရှိပေမယ့် nurse ကနေ့တိုင်းဖတ်နေတာတွေ့ပီး ရိပ်လဲ ဖတ်ချင်စိတ်ဖြစ်လာမိသည်။
"ဟင်....."
တတိတစာမျက်နှာရဲ့ ထိပ်ဆုံးကြော်ငြာကွက်လေးကိုတွေ့တော့ ရိပ်အသံထွက်သွားမိသည်။
"ရိပ်..........
ကိုယ်တို့ရဲ့ဘဝတွေက ငယ်ငယ်တည်းက ဆုံတွေ့ခွင့်ရခဲ့ပေမယ့် ကိုယ့်ဘဝတစ်သက်တာလုံး ရိပ် ကိုယ့်အနားမှာမရှိတော့မှာ ကိုယ်တိူ့မဆုံစည်းနိုင်တော့မှာကို ကိုယ်တကယ်ကြောက်တယ်......ရိပ်သာ ခွင့်လွှတ်ပေးမယ် ကိုယ့်အမှားတွေကို ပြင်ဆင်ခွင့်ပေးမယ်ဆိုရင် ကိုယ်ခင်ပွန်းကောင်း ဖခင်ကောင်းဖြစ်စေဖို့ ကတိပေးပါတယ်......အမှားတွေကို ပြန်ပြင်ပီး ရိပ်အနားမှာ ပြန်နေခွင့်ပြုပါ......ဒီစာကို ရိပ်ဖတ်မိတယ်ဆိုရင် ကိုယ့်ဆီအမြန်ဆုံးပြန်လာခဲ့ပါနော်
ရိပ်ရဲ့ ထက်"

ESTÁS LEYENDO
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...