Part 32

4.6K 78 11
                                    

Part 32

"ဖေဖေ.......ထက်လဲကျသွားပီ......ရပ်ပါဦး......"
ရိပ်အော်ပြောတော့မှ နောက်ကိုလှည့်ကြည့်မိရာ လဲကျနေတဲ့ ထက်ကို မြင်လိုက်သည်။

"ကျီ........"

ကားရပ်လိုက်သည်နှင့် တံခါးဖွင့်ကာပြေးဆင်းသွားသော ရိပ်။

"ထက်......ထက် ဘာဖြစ်တာလဲ......"

"ဖေဖေကြည့်ပါဦး သွေးတွေနဲ့......ဆေးရုံပို့ရအောင်......."
မျက်ရည်တွေက အလိုအလျောက်စီးဆင်းလာကာ  ထက်ကိုပွေ့ထားရင်သာ ငိုနေမိသည်။

အရေးပေါ်ခန်းရောက်တော့ ထက်ကို လူနာကုတင်ပေါ်လှဲကာ တာဝန်ကျဆရာတွေ အခြေအနေကြည့်နေသည်။

"လူနာရှင် ဘယ်သူလဲ....."
Nurse တစ်ယောက်ကမေးတော့

"ဒီမှာပါရှင့် လူနာရဲ့အမျိုးသမီးပါ .....ထက် ဘာဖြစ်တာလဲရှင့်......"

"လူနာက အစာအိမ်လဲထိထားတယ် အာဟာရပြတ်နေတဲ့အပြင် နှလုံးခုန်နှုန်းမမှန်ပါဘူးရှင့်.....ဒါကြောင့်နှလုံးနဲ့ပတ်သက်တာတွေကို စစ်ဆေးရမှာပါရှင့်........"

Nurse စကားကြောင့် ပိုပီးစိတ်ပူလာမိသည်။တစ်လအတွင်း ထက်ဘယ်လိုနေထိုင်ခဲ့လို ဒီလိုဖြစ်ရတာလဲသာ စဉ်းစားနေမိသည်။

ထက်စစ်ဆေးနေတုန်း ခုံပေါ်မှာ ငေးငိုင်ကာထိုင်နေမိသည်။

"သမီး......မနက်ဖန် ရန်ကုန်လေယဉ်အမှီသွားရမယ်မလား စိတ်မပူနဲ့ အဖေ ထက်ကိုဂရုစိုက်လိုက်ပါ့မယ်......သမီးသွားမယ်ဆိုသွားပါ........"

ဖေဖေပြောလာတော့ ရိပ် ထက်ကို ဒီလိုပုံစံနဲ့ ဘယ်နည်းနဲ့မှမထားခဲ့နိုင်။

"သမီး ထက်ဘာဖြစ်တာလဲ သိပီးမှ သွားချင်တယ်ဖေဖေ......ရမလားဖေဖေ.....ဒီလိုတော့ သမီးလဲနောက်ဆံတင်းပီး မသွားချင်ဘူး......"

မျက်ရည်တွေသုတ်ကာ ပြောလိုက်သည်။

"ရပါတာ် သမီးလေးသဘောပါကွယ် သမီးလေးအဆင်ပြေနေဖို့ပဲ ဖေဖေမျှော်လင့်ပါတယ်......"

သားအဖနှစ်ယောက် ခုံတန်းပေါ်တွင်ဖက်ထားလိုက်ကြသည်။

ထက်က သတိမရလာသေးတော့ ဆေးရုံတွင်အခန်းတစ်ခန်းယူကာ ဆေးရုံတင်လိုက်ရသည်။
ဆေးစစ်ချက်အဖြေတွေထွက်မလာသေးတော့ ရင်ပူမိတာတော့အမှန်ပင်။ထက်ရဲ့မိဘတွေကို ဖုန်းဆက်အကြောင်းကြားလိုက်တော့ အလုပ်တွေလက်စသတ်ပီး လာခဲ့မည့်အကြောင်း သေချာပြောသည်။

"ဖေဖေပြန်လိုက်ပါ.....သမီးစောင့်လိုက်ပါ့မယ်......"

ဖေဖေလဲပင်ပန်းနေပုံပေါ်နေတာမို့ အိမ်ပြန်ခိုင်းလိုက်ကာ ဆေးရုံခန်းထဲက sofa ပေါ်တွင် အတွေးတွေနယ်ချဲ့နေလိုက်သည်။

ကုတင်ပေါ်တွင် လှဲနေသည့်ထက်ကို အကြည့်ရောက်သွားမိသည်။
အနည်းငယ်ပိန်သွားသည်ကလွဲရင် ရိပ် မြတ်နိုးခဲ့ရတဲ့  နှာတံစင်းစင်းလေး.....နှုတ်ခမ်းပါးပါးလေး ကော့ညွတ်နေတဲ့မျက်တောင်လေးတွေက ပုံမှန်လိုပဲ ရိပ်ကိုရင်ခုန်စေတုန်းသာဖြစ်သည်။

တစ်ညလုံး ထက်ရဲ့မျက်နှာကို ထိုင်ကြည့်နေဖြစ်သည်။

"မတတ်သာလို့သာ အဝေးကိူထွက်သွားခဲ့ချင်ပေမယ့် ထက်က ရိပ်ရဲ့ အမြဲတမ်းမြတ်နိုးရသော ချစ်သောပဲမလား"

ကျလာတဲ့မျက်ရည်ကို သုတ်ကာ သတိလစ်နေသည့်ထက်ကို စောင်လေးခြုံပေးလိုက်သည်။

ထိုစဉ် nurseတစ်ယောက်ဝင်လာပီး
"လူနာရှင် သွေးအဖြေတွေရပါပီရှင့် ဆရာဝန်ကြီးခဏနေ လာပါလိမ့်မယ်နော......."

"ဒေါက် ဒေါက်....."
Nurse စကားဆုံးသည်နှင့် ဆရာဝန်ကြီး ဝင်လာကာ သွေးအဖြေများကို စစ်ဆေးကြည့်ရှူနေသည်။

ရိပ်ရဲ့ရင်တွေရင်နေခဲ့ပီး ဘုရားစာသာဆိုနေမိသည်။

"လူနာရဲ့အမျိုးသမီးလားခင်ဗျ....."

"ဟုတ်ပါတယ်ဆရာ.....ရိပ်အမျိုးသား ဘာဖြစ်တာလဲဆရာ ....."လက်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းမေးလိုက်သည်။

"ဟုတ်ကဲ့ .....လူနာက နှလုံးသွေးလွှတ်ကြောမကြီး ၃ချောင်းရှိတဲ့အထဲကမှ တစ်ချောင်းက ကျဉ်းပီး နှလုံးဆီလိုအပ်တဲ့ အောက်ဆီဂျင်မရောက်တာပါ ......ခွဲစိတ်ပီး ပြန်ရှဲ့ပေးဖို့လိုပါတယ်....."

"ကျတော် မခွဲစိတ်ဘူးဆရာ......"

ထက်ရဲ့မျက်လုံးတွေပွင့်လာသည်နှင့် ဆရာဝန်ပြောတာတွေကြားနေရသည်။ရိပ်နဲ့ကလေးလေးမရှိတဲ့ဘဝမှာ ရှင်သန်နေလဲ မထူးဟုတွေးမိလိုက်သည်။

ချစ်​သော.......Where stories live. Discover now