အပိုင်း(20)
Hotel ကနေ ရိပ်နဲ့အတူထွက်လာပြီး ကားထဲဝင်ထိုင်လိုက်သည်။တစ်လောကလုံးကို ပိုင်ဆိုင်ထားရသလို ခံစားချက်မျိုး ထက် အခုမှကြုံဖူးသည်။မနေ့က ရိပ်ကိုချော့ဖို့ ယူလာတဲ့ပန်းစည်းလေးက ကားပေါ်မှာ အနည်းငယ်နွမ်းနေလေပြီ။သို့သော် သူပိုင်ဆိုင်လိုက်ရသည့် ပန်းကလေးကတော့ အမြဲလန်းဆန်းနေသည်။
"ရိပ်......ဘာစားချင်လဲ....တစ်ဆိုင်ဆိုင်မှာသွားစားကြမယ်လေ.......ဒီနေ့တော့ အလုပ်နားလိုက်နော် ပင်ပန်းနေမှာစိုးလို့....."
ထက်က ပြုံးပြီးပြောနေတော့ ရိပ်ဟာ မျက်နှာထားစရာနေရာမရှိခဲ့။
"ထက် အဆင်ပြေတဲ့ဆိုင်ကိုပဲသွားလေ....ရိပ်က ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်......."
မျက်လွှာလေးကို ချပီးပြောနေတဲ့ ရိပ်ရဲ့ပါးလေးကို ထက်ဆွဲညှစ်လိုက်သည်။
"ရှက်နေတာလား......ကိုယ်တို့က လင်မယားတွေလေ.....နောက်ဆို ရှက်ဖို့အချိန်တောင်ရှိမှာမဟုတ်ဘူး......."
"ထက် ....ဘာတွေပြောနေတာလဲ.......ပီးတော့ ပီးတော့ ထက်က ရိပ်ကိုမုန်းနေတာမလား......ဒီလို ရိပ်အပေါ်ကောင်းပြနေရင် ၂နှစ်ပြည့်တဲ့အချိန်ကျ ရိပ် ခွဲနိုင်တော့မှာမဟုတ်ဘူး........"
ထက်ကိုကြည့်ကာ မျက်ရည်ဝဲလာတဲ့ ရိပ်ကြောင့် ထက်ရဲ့ရင်ထဲစူးနင့်သွားသည်။စတွေ့တည်းက မုန်းတဲ့အကြောင်းတွေပဲပြောမိခဲ့သည်မဟူတ်လား။မိုး သေဆုံးတဲ့ကိစ္စမှာ ခံစားရလွန်းတာကြောင့် အမုန်းတွေကို သူမအပေါ်သာ စုပြုံပီး ပုံချခဲ့မိသည်။သူမကို ခုချိန်လေးဖြစ်ဖြစ် ယုံကြည်ပေးချင်သည်။
ရိပ်ရဲ့ပါးပေါ်ကျလာတဲ့မျက်ရည်လေးတွေကို လက်မလေးနဲ့ ခပ်ဖွဖွသုတ်ပေးလိုက်သည်။
"ကိုယ် မင်းကိုမုန်းဖို့ကြိုးစားပေမယ့် မရဘူး ရိပ်......မင်းကိုယုံကြည်ပေးပီး တရားခံကိုပြန်ရှာဖို့ကိုယ်ဆုံးဖြတ်လိုက်ပီ.....ပီးတော့ ၂နှစ်ပြည့်ရင်လဲ မင်းကို ကိုယ်ထွက်သွားခွင့်မပေးတော့ဘူး.........."
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...