Part (18)

6.6K 123 15
                                    

                                      အပိုင်း (18)

ထက်ရဲ့အပြုအမူ​တွေ​ကြောင့်  ထက် ရုံးကမဆင်းခင် ​စောပြီး အိမ်ပြန်လာလိုက်သည်။မျက်နှာချင်းဆိုင်ရမှာကို ​ကြောက်သည်ထက် ရှက်သည်ဆိုပိုမှန်မည်။cctv ရှိတဲ့ဓါတ်​လှေကားကြီးထဲမှာ ​သောင်းကျန်းခဲ့မလား။ဘယ်တုန်းက ထက်က ဒီ​လောက်တတ်သွားတာပါလိမ့်........သက်ပြင်း​တွေကိုအကြိမ်ကြိမ်ချကာ အိမ်သိူ့သာ ပြန်ခဲ့လိုက်သည်။

ထူးမြတ်ပိုင်​ပေးထားတဲ့ ဓါတ်ပုံအယ်လ်ဘမ်ကိုကြည့်ပီး  ​နောက်​ကြောင်းလိုက်ချင်တဲ့လူ​တွေစာရင်းကိုမှတ်လိုက်တာ ထူးမြတ်ပိုင်ကို ဖုန်းဆက်ထားလိုက်သည်။

​ယောကျ်ား​လေးစာရင်း​ရော မိန်းက​လေးစာရင်း​​ရောဆို အ​ယောက်၂၀​လောက်ရှိမည်။ ကူညီ​ပေး​နေသည့် ထူးမြတ်ပိုင်ကို​တော့ ​ကျေးဇူးတင်မိသည်။ ထက် ညဘက်အိမ်မက်ဆိုး​တွေမမက်​တော့​အောင်ဖြစ်ဖြစ်  ဒီတရားခံကို​ဖော်ထုတ်မှဖြစ်မည်။

"​အော်.....ငါနဲ့မျက်နှာချင်းမဆိုင်ချင်လို့ အလုပ်​စောဆင်းသွားတယ်​ပေါ့......ရတယ်​လေ.......​တွေ့ကြ​သေးတာ​ပေါ့......"

ရိပ် အလုပ်​စောဆင်းသွားသည်ဆို​သော​ကြောင့် ထက်တစ်​ယောက်မ​ကျေမနပ်ဖြစ်​နေသည်။

"သူ​ဌေး......Party ရှိတာမို့ ဒီည​နေ Grand New Hotelကိုသွားရပါမယ်......."

ပျိုဖြူက စကားစဖြတ်ပီး​ပြောလိုက်မှ....

"အင်း......သွားမယ်​လေ ပန်းစည်းရပီဆိုရင် ငါ့ကားထဲပဲထည့်ထားလိုက်......မင်းလဲ ငါ့အတွင်း​ရေးမှူးဆို​တော့ သိသင့်တာသိရ​အောင် partyကို လိုက်ခဲ့လိုက်ပါ........"

လုပ်ငန်းရှင်အချို့ကို သိ​ရ​အောင် ပျိုဖြူခင်ကိုပါ​ခေါ်​နေသည်မို့  ပျိုဖြူခင်တစ်​ယောက် အ​ပျော်ကြီး​ပျော်​နေသည်။

ရိပ်လဲ  ထက်ပြန်မလာ​သေးတာနဲ့  ​ရေချိုးပြီး ​ခေါင်း​တွေပါ​လျှော်လိုက်သည်။ဒီ​နေ့တစ်​နေ့လုံးစိတ်ပင်ပန်းခဲ့ရ​တော့ အနားယူမှဖြစ်မည်။ ​ဘောလုံးစက်ကြိုးတစ်လုံးဂါဝန်​လေးကိုဝတ်ဆင်ကာ  ​ခေါင်း​လျှော်ထားသည်မို့ မ​ခြောက်​သေး​သောဆံပင်​လေး​တွေကို ဖြန့်ချထားလိုက်သည်။ထမင်းစားချင်စိတ်လဲမရှိတာမို့ ပန်းသီးတစ်လုံး အစိတ်​လေး​တွေစိတ်ကာ ဧည့်ခန်းမှာပဲ တီဗီထိုင်ကြည့်ရင်းစား​နေလိုက်သည်။

ချစ်​သော.......Where stories live. Discover now