Part (17)

6.8K 131 14
                                    

                              အပိုင်း (17)

ဒီ​နေ့  ထူးမြတ်ပိုင်က ​ကျောင်းသား​ဟောင်းဓါတ်ပုံ အယ်လ်ဘမ်​တွေ့တယ်ဆိုလို့  ရိပ် companyကိုပဲလာခိုင်းထားလိုက်သည်။
​ကျောင်းသား​ဟောင်း​တွေထဲက တစ်​ယောက်ချင်းစီဆွဲထုတ်ပြီး ​နောက်​ကြောင်းပြန်လိုက်ရမည်။ထူးမြတ်ပိုင်ကလဲ  အားကိုးရ​သော​ကြောင့်  မကြာခင် အဖြစ်မှန်​တွေ​ပေါ်ဖို့သာ ရိပ်ဆု​တောင်း​နေမိ​တော့သည်။

"ရိပ်.......မင်းဒီ​နေ့ရုံးကိုလိုက်မယ်မလား......မနက်စာစားပြီးရင် ကား​ပေါ်ကပဲ​စောင့်​နေလိုက်......"

ထက် ရိပ်၏အခန်း​ရှေ့မှ ​အော်​ပြော​နေ​သော​ကြောင့်

"ဟုတ် ......လိုက်မယ်​နော်.....ထက် ​ရေချိုးပြီးရင် ​အောက်ဆင်းလာလိုက်​တော့......ရိပ်ကပြင်ဆင်ပြီး​နေပြီ......"

ရိပ်လဲ အခန်းထဲမှ ပြန်​အော်​ပြောလိုက်ကာ ကိုယ်လုံး​ပေါ်မှန်ထဲကြည့်မိသည်။မမဇွန်က  သူလက်​ဆောင်​ပေးထားတဲ့ အကျီကို ဝတ်လာခဲ့ပါလို့မှာလို့သာ ဝတ်ရတယ်။ အကျီက ရင်ဘတ်အနည်းငယ်ဟိုက်ပြီး  စကပ်ရှည်ကို ဒူးအထက်ထိခွဲထားသည်။ဒီလိုပုံစံမျိုးကို  ရိပ်သ​ဘောမကျ​ပေမယ့် လက်​ဆောင်​ပေးတဲ့သူ ​ပျော်​အောင်​တော့ ဝတ်​ပေးချင်မိသည်။

ထက် မနက်စာမစား​တော့ပဲ ကားထဲပဲတခါတည်းဝင်လာလိုက်​တော့သည်။လုပ်စရာ အလုပ်​တွေကိုလက်စသတ်ဖို့ ​စော​စောသွားရမည့်အပြင် ကြာရိပ်ချိုကလဲ ​စောင့်​နေပီမို့  ကားထဲဝင်ကာ ကားကိုစက်နှိုးလိုက်သည်။

​ဘေးက ရိပ်ကို ကြည့်မိ​တော့ ဒီ​နေ့ဝတ်ထားတဲ့အကျီက ခါတိုင်းနဲ့မတူ........အကျီက လည်ပင်းအနည်းငယ်ဟိုက်​နေ​သော​ကြောင့် ရိပ်ရဲ့ ​ရေရင်အစုံက မို့​မောက်ပြီး ထွက်​နေသည်။ဆိုးဆိုးဝါးဝါးကြီးမဟုတ်​ပေမယ့်  စိတ်ထဲဘဝင်မကျ....။​အောက်ပိုင်းကို ကြည့်လိုက်ပြန်​တော့ ခွဲထားတဲ့ စကပ်​အောက်က ​ပေါင်တံ​လေး​တွေက ဖြူ​ဖွေး​နေ​သည်။မုန်း​နေတဲ့ သူ့လိုလူ​တောင် စိတ်ရှုပ်ရှား​နေရင်  တခြား​ယောကျ်ား​တွေဆို ပိုဆိုးမည်။အ​တွေး​တွေနဲ့တင်ရင်ပူလာသည်။

ချစ်​သော.......Место, где живут истории. Откройте их для себя