Part (9)

5.6K 102 6
                                    

                                  အပိုင်း (9)

​ရေချိုးရင်းတန်းလန်းဖြစ်​နေတာမို့ ရိပ်၏ကိုယ်တွင် တံဘက်တစ်ခုသာရှိ​နေသည်။တံဘက်အရှည်ကို ရင်ခြားထားသည့်အ​နေအထားဖြစ်​သော​ကြောင့်  ရိပ်မျက်လုံးဖွင်ွကြည့်လိုက်သည်နှင့်  အမြင်မ​တော်​သော​ကြောင့် ​ဘောင်​ပေါ်မှာတင်ထားတဲ့ တံဘက်ကို ခြုံ​ပေးလိုက်သည်။ မခြုံ​ပေးလိုက်ရင်  ကိုယ့်ကိုယ်ကို ထိန်းလို့ရမည်မထင်။ သူလဲ ​ယောကျ်ားတစ်​ယောက်မဟုတ်ပါလား။

"အာ့.....ရိပ်မထနိုင်ဘူး ထက်ရဲ့....​ဖြေး​ဖြေးပဲထူပါ"

ရိပ်လဲ ​ခြေ​ထောက်က ​ထောက်မရ​အောင်နာ​နေ​သော​ကြောင့် မျက်ရည်များပင်ကျလာသည်။

"ကျစ်.......မင်းကွာ န​မော်နမဲ့နဲ့......ဘယ်လိုဖြစ်လို့ ​ရေချိုးခန်းထဲ ခုံယူထားရတာလဲ...ဘာ​တွေလုပ်လို့​ချော်လဲရတာလဲ......"

​ပြော​ပြောဆိုဆိုနှင့်  ရိပ်၏ကိုယ်လုံး​လေးကို​ပွေ့ချီလိုက်သည်။
ရိပ်လဲ အံ့သြ​နေ​ပေမယ့် အရမ်းနာ​နေ​သော​ကြောင့် ငြိမ်​နေလိုက်ရသည်။သူ့ရင်ဘတ်နားမှာ ​ခေါင်းမှီထားသလိုဖြစ်​နေ​တော့ ခုန်​ပေါက်​နေ​သော ရင်ခုန်သံ​တွေကို ထက်မကြား​​အောင်ဆု​တောင်း​နေရသည်။
လည်ပင်း​ပေါ်ကို လက်နဲ့သိုင်းဖက်ကာလက်​ပေါ်တွင်  ငြိမ်ငြိမ်​လေးပါလာ​သော ရိပ်သည်  ​ရေချိုးထားပီး​သော​ကြောင့်  ​ရေသီး​လေး​တွေက မျက်နှာတွင်တွဲလဲခို​နေသည်။နှုတ်ခမ်းဖူးဖူး​လေးကလဲ ပန်း​ရောင်သမ်း​နေကာ ခုမှ​သေချာကြည့်မိသလား​တောင်မသိပါ.....ရိပ်၏မျက်ဝန်း​တွေက  ​တော်​တော်လှသည်။

သူ့ကိုဒုက္ခ​ပေးတာက​နောက် ခု​တော့စိတ်ပူ​နေရသည်။

​ရေချိုးခန်းထဲကထွက်လာပြီး  အိပ်ယာ​ပေါ်တွင် ရိပ်ကိုထိုင်ခိုင်းလိုက်ကာ ဒူး​ထောက်ပြီး ရိပ်၏​ခြေ​ထောက်ကို ကြည့်လိုက်သည်။အဆစ်လွဲသွားသည့်ပုံပင်......​ခြေချင်းဝတ်အဆစ်က ဖူး​ရောင်​နေသည်။

"ကဲ....ဘာတက်လုပ်တာလဲ အဲ့အ​ပေါ်ကို.....မင်းကိုယ်မင်း မိန်းက​လေးဆိုတာ သတိရ​သေးရဲ့လား ကြာရိပ်ချို.......ပြသနာ​တွေဖန်တီးတတ်တာအပြင်  မင်းလုပ်တတ်တာမရှိ​​တော့ဘူးလား......."
​ခြေ​ထောက်ကို ကြည့်ကာ ပွစိ ပွစိ​ပြော​နေ​သောထက်​ကြောင့်  နာ​နေတာ​တောင် ​မေ့သွားသည်။

ချစ်​သော.......Where stories live. Discover now