အပိုင်း (19)
"ထက်.....ရိပ်ကိုလွှတ်နော်.....ဘယ်လိုစကားတွေပြောနေတာလဲ.........ရှင်အရမ်းမူးနေပီ........"
ထက်ရဲ့ပေါင်ပေါ်မှ ရိပ်ရုန်းထွက်ကာ ငြင်းနေသည်။ဒီလိုပါဆို နောက်တစ်ကြိမ်ထပ်ပြီး ထက် ပြုသမျှနုရဦးမည်မဟုတ်လား။ရေတိမ်နစ်နာ သူမဟုတ်ပဲ ကိုယ်ဖြစ်သွားပါလိမ့်မည်။
"မရုန်းနဲ့ကွာ.......မင်းက ကိုယ့်မိန်းမပဲလေ..... ကိုယ်ရေတိမ်နစ်ဖို့ မင်းမှာတာဝန်ရှိတယ်.........လာ........"
ထက် ပြောပီးတာနှင့် ရိပ်ကို ရင်ခွင်ထဲဆွဲသွင်းကာ အိပ်ယာပေါ်လှဲချလိုက်သည်။ရှက်လွန်းလို့ မျက်နှာတွေပင်နီနေသော ရိပ်ကို ရင်ခွင်ထဲက မလွှတ်ချင်တော့ပါ။ ရဲနေသောနှုတ်ခမ်းလေးကြောင့် ရင်တွေခုန်လာသလို ဘောလုံးစက်အကျီ ကြိုးတစ်လုံးအောက်က လည်ပင်းလေးကလဲ ဖြူဝင်းကာ သောက်လာသောဝိုင်တွေထက် ပိုမူးရစ်စေသည်။
"ဒီညတော့ ကိုယ် မင်းကိုမမုန်းချင်တော့ဘူးကွာ......ခွင့်ပြုမယ်မလားဟင်......."
ရိပ်ကို ငုံ့ကြည့်ကာပြောလိုက်သည်။ရိပ်က မျက်နှာငယ်လေးနှင့် ပြန်မော့ကြည့်လာသည်။ငြင်းဆန်မနေတော့တာတော့ ထက်သေချာသည်မို့ ရိပ်ရဲ့ နှုတ်ခမ်းလေးတွေကို လက်မလေးနဲ့ ထိတွေ့လိုက်သည်။ ရိပ်ရဲ့ခါးကို ဖက်ကာ ရင်ဘတ်ကိုရှေ့တိုးလိုက်သည်။အဆင်သင့်ပါလာတဲ့ ခေါင်းလေးကို ကိုင်ကာ ရိပ်ရဲ့နှုတ်ခမ်းလွှာတွေကို တစ်လွှာချင်း စုပ်ယူလိုက်သည်။
"အွန့်......."
ထက်ရဲ့လျှာက ရိပ်ရဲ့ပါးစပ်ထဲ မွှေနှောက်နေသည်မို့ ရိပ်လက်တွေပင် အေးစက်လာသည်။မငြင်းဆန်နိုင်တော့ပြီမို့ ထက်ရဲ့လည်ပင်းလေးကို သိုင်းဖက်ကာ အနမ်းတွေပြန်ပေးလိုက်သည်။
နှုတ်ခမ်းမှတစ်ဆင့် ရိပ်ရဲ့လည်ပင်းလေးကို ဖွဖွလေးနမ်းနေရာမှ ဖိကိုက်ကာ စုပ်ယူလိုက်သည်။တစ်ချက် စုပ်ယူလိုက်တိုင်ူ တစ်ခါကျန်ခဲ့တဲ့ အမှတ်အသားတွေကြောင့် ထက်ရဲ့စိတ်တွေ ပိုပြင်းထန်လာသည်။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...