Part (2)

8.3K 119 5
                                    

                                   အပိုင်း ( 2 )

"မိုး........နင်ခုထိ​ကျောင်း​ပြောင်းမလာ​သေးဘူးလားဟာ ငါဒီမှာတစ်​ယောက်တည်း ......"

ထက် စိတ်မရှည်စွာဖြင့် သူငယ်ချင်းဖြစ်သူ မိုးမြင့်စံဆီဖုန်းဆက်​ကာ ဂျီကျနေသည်။ မိုးမြင့်စံသည်  ထက်၏တစ်​ယောက်တည်း​​သောအခင်ဆုံးသူငယ်ချင်းဖြစ်သည်။

"ထက်ရယ်.....နင်ကလဲ​လောလိုက်တာ ခုမှ​ကျောင်းစဖွင့်ရက်​တွေပဲရှိပါ​သေးတယ်ဟ....စိတ်ချ ​နောက်တစ်ပတ်ငါ​ပြောင်းလာခဲ့မယ် ငါလဲနင့်လိုပဲ Pravite​ school​တွေမှာမတက်ချင်ပါဘူး....အဲ့​ကျောင်းကိုပဲလာခဲ့မှာ......." 

မိုးမြင့်စံတစ်​ယောက် သူမှလွဲ၍တခြားသူငယ်ချင်းမထားတတ်​သော ထက်အတွက်စိတ်ပူမိသည်။

"​အေးဘာ လာမယ်ဆိုလဲပီးတာပဲ.....ဒီ​ကျောင်းမှာလဲ ငါဘယ်သူငယ်ချင်းမှမလိုချင်ဘူးဟာ...ငါ့အ​ဖေရဲ့ဂုဏ်ရှိန်အသိုင်းအဝိုင်း​ကြောင့်ပဲ ငါ့ကိုခင်သလိုလုပ်ကြမှာ....ဇယား​နောက်တယ် ဒါပဲ​နော် ဖုန်းချလိုက်ပီ......."

အရာရာ​ကို​ငွေနဲ့​​ဖြေရှင်းတတ်​သော မိဘ​တွေ​ကြောင့် ထက်တစ်​ယောက် သူငယ်ချင်းလဲမထားသလို  လူချမ်းသာ​တွေများတဲ့ pravite school​တွေကိုလဲမတက်ခဲ့ခြင်းဖြစ်သည်။

​​​.................

"ဟွန်း......​ကျောင်းဖွင့်တာ တစ်ပတ်​တောင်ရှိပီ ထက်နဲ့ခင်​အောင်ကိုလုပ်လို့ကိုမရ​သေးဘူး ......"

ရိပ် အားမရှိစွာ ညီးညူ၍ ထို​ကောင်​လေး​ကျောင်းအလာကို ​မျှော်​နေ​လေသည်။ ရိပ်တစ်သက် တခါမှရင်မခုန်ဖူးခဲ့ပဲ ဒီ​ကောင်​လေးကိုကျမှ ရင်ခုန်​နေမိသည်။

"ဟယ်......လာပီ  ​ဘေးမှာပါလာတဲ့​ကောင်မ​လေးကဘယ်သူလဲ ​ကျောင်းသူသစ်လား......"

ရိပ်​ ​ဘေးခုံက"ခက်ခက်"ကို​မေးလိုက်သည်။
ခက်ခက်သည် ရိပ်နှင့်သူငယ်တန်းတည်းက ​ပေါင်းလာသည့်သူငယ်ချင်းဖြစ်သည်။

"ငါလဲမသိဘူး​.....အသားညိုညို​လေး​ဆို​ပေမယ့်  ဆွဲ​ဆောင်မှုရှိတယ်​နော် ရိပ်.....နင်နဲ့အကွာကြီး...  ဒါ​ကြောင့် ထက်က နင့်ကိုစိတ်မဝင်စားတာ​နေမှာ......."

ချစ်​သော.......Where stories live. Discover now