Part (5)

6.2K 125 2
                                    

                              အပိုင်း (5)

"ရိပ်ရဲ့မျက်နှာကိုမြင်​နေရတာ အဆင်မ​ပြေဘူးဆိုတာ ရိပ်သိပါတယ်........ရိပ်မလုပ်ချင်ဘူး ရိပ် အိမ်ကို​ရောက်ရင် ​ဖေ​ဖေ့ကို​သေချာ​ပြောပြလိုက်ပါ့မယ်........."

ရိပ် ထက်အတွက်အ​နှောင့်အယှက်ထပ်မဖြစ်​စေချင်​တော့ပါ။
ထက်နဲ့​ဝေးမယ့် လမ်းကိုပဲ ရိပ်​ရွေးမှဖြစ်မယ်ဆုံးဖြတ်ကာ လက်သီးကိုတင်းတင်းဆုပ်ကာ ​ပြောလိုက်သည်။

"မင်းက ​ကောက်ကျစ်တဲ့အပြင်တာဝန်ယူမှုလဲမရှိဘူး​နော်  ရှယ်ယာဝင်ဖို့လာတာတကယ်စိတ်ရင်းနဲ့ဆို  မင်းဘက်ကမှန်တယ်ဆိုရင် မင်းဘာလို့​ကြောက်​နေတာလဲ .....မင်း လုပ်ခဲ့တာ​တွေအ​ပေါ်အားနာရင်  လက်မှတ်ထိုးလိုက်တာ​ကောင်းမယ် ကြာရိပ်ချို......မင်းဆုံးဖြတ်​ပေါ့......."

ထက် ​ဒေါသတစ်ခုတည်းအတွက်နဲ့​တော့ Companyကိုမထိခိုက်​စေချင်ပါ။ ဒီမိန်းမသာ ဒီမှာရှိ​နေရင် သူလဲကြိူက်သလိုဒုက္ခ​​ပေးလိူ့ရပီဖြစ်သည်။

"ထက်က  ရိပ်ကိုဘယ်လိုဖြစ်​စေချင်​နေတာလဲ........ရိပ် မှားခဲ့တာ​တစ်ခုမှမရှိဘူး.....ဒီကိုလာခဲ့တာကလဲ ဒီcompanyက ထက် companyမှန်းမသိခဲ့လို့ပါ........"

ရိပ် ခုတစ်မျိုး​တော်ကြာတစ်မျိုး​ပြော​နေ​သော ထက်ကို နားမလည်​တော့ပါ။

"ဟုတ်ပီ.......ရိပ် ဒီစာချုပ်မှာလက်မှတ်ထိုး​ပေးမယ်.....ရိပ် ရှယ်ယာဝင်​ပေးမယ်.......ဒါ​ပေမယ့် ရိပ်အရင်ကမှားခဲ့လို့မဟုတ်ပဲ......စီးပွား​ရေးအရ လက်ခံလိုက်တယ်ဆိုတာ ထက်ကို နားလည်​စေချင်တယ်......."

​ဖေ​ဖေ့ဆန္ဒကိုလဲမဖျက်စီးချင်တာကတစ်​ကြောင်း.....ထက်က အရင်ကအတိတ်​တွေအ​ကြောင်းနဲ့ပတ်သက်​နေ​တာသိရင် ​ဖေ​ဖေစိတ်ဆင်းရဲမည်ဆိုးသည်ကတစ်​ကြောင်း​ကြောင့်  ရိပ် စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။

"ကြိုဆိုပါတယ် ကြာရိပ်ချို.......အလုပ်အတူတူလုပ်ကြတဲ့အခါ  ငါ့အ​ပေါ်လိုတာထက်ပိုမဆက်ဆံဖို့ ​တောင်းဆိုထားပါရ​စေ​နော်..ငါက လွယ်တဲ့မိန်းမ​တွေကို မကြိုက်ဘူး.....အဟွန်း.....မင်းသွားနိုင်ပါပီ  အစည်းအ​ဝေးရက်ကို ငါအ​ကြောင်းကြား​ပေးပါ့မယ်......"

ချစ်​သော.......Where stories live. Discover now