Part 25

5.2K 103 15
                                    

         Part 25

နောက်တစ်နေ့........

"ဟယ်လို .....ရိပ် နင်အိမ်မှာလား ငါတရားခံကိစ္စပြောချင်လို့ ......"

"ငါအိမ်မှာမဟုတ်ဘူး အဖေ့ဆီရောက်နေလို့ ငါလိပ်စာပို့လိုက်မယ် အဲ့ဆိုင်မှာပဲ ပြောကြတာပေါ့...."

ရိပ်ရဲ့အသံမကောင်းတာကိုတော့ ထူးမြတ်သတိထားမိသည်။

"အဲ့မိန်းမအိမ်ရှေ့မှာ စောင့်ကြည့်နေနော် သူဘယ်သွားသွားနောက်ကလိုက် အခွင့်အရေးရရင် တခါတည်းရှင်း ငါပြောတာကြားလား......"

ပျိုဖြူတစိယောက်ဆေးလိပ်တွေဖွာရင်း သူ့တပည့်စီဖုန်းဆက်လိုက်သည်။

"ဟင်းဟင်း  ကြာရိပ်ချို နင်ရဲ့ကျဆုံးခန်းကိုရောက်တော့မယ် အဖျက်မရဲ့......."

ဆေးလိပ်ငွေ့တွေနဲ့အတူ အတွေးတွေကလဲ အုံ့မှိုင်းနေတော့သည်။

ရိပ် အိမ်ကထွက်လာတာနဲ့ နောက်ကကားအမည်းတစ်စီး တရွေ့ရွေ့လိုက်လာတော့သည်။

ရိပ် တက်စီပေါ်တက်သွားသည်နှင့် နောက်ကထပ်ကြပ်မခွာ လိုက်တော့သည်။

"ရိပ်......ငါဒီမှာ ....."

ကော်ဖီဆိုင်ထဲဝင်လာတဲ့ ရိပ်ကို ထူးမြတ် လက်လှန်းပြလိုက်သည်။မနေ့က လန်းဆန်းတက်ကြွနေတဲ့ရိပ်က ဘာလို့ဒီလောက်ညှိုးနွမ်းနေတာပါလိမ့်။

"စောင့်နေတာကြာပီလား ထူးမြတ်......ဆောရီးနော် ငါနောက်ကျသွားတယ်......."

"ရပါတယ်ဟ.....ဒါနဲ့ကလေးလေးအကြောင်းရော ကိုထက်ကိုပြောလိုက်ပီလား သူတော့ပျော်နေမှာပေါ့......."
ထူးမြတ်ရဲ့စကားကိုကြားတော့ ရိပ်မျက်နှာပျက်သွားသည်။

"သူ့ကိုမပြောလိုက်ဘူး ငါ.....ငါ ငါ.....ငါအိမ်ပေါ်ကဆင်းလာတာ....."

ထိန်းထားတဲ့ကြားက မျက်ရည်တွေက လှိမ့်ဆင်းလာသည်။

"ဘယ်လို.......ဘယ်လိုဖြစ်တာလဲ ရိပ်ရယ် ငါ့ကိုရှင်းပြပါဦး......."

ထူးမြတ် တစ်ရှူးတစ်ရွက်ယူကာ ရိပ်ကိုလှန်းပေးလိုက်သည်။

တစ်ရှူးနှင့်မျက်ရည်တို့ကို အသာအယာသုတ်ရင်း.....

"မနေ့က ငါသတိလစ်တော့နင်ကူညီပေးတဲ့ပုံတွေကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပီး ထက်ဆီပို့ပေးတယ်လေ.....ထက်က ငါ့နောက်ကိုလူလွှတ်ထားမယ်မထင်ထားဘူး ........နင်နဲ့ငါ့ကိုစွတ်စွဲပြီး သူ့အထင်တွေကိုလျှောက်ပြောနေတာ ......ငါ့ကိုဒီလောက်မယုံတဲ့လူကို ကလေးအကြောင်းဗန်းပြပီး အသနားမခံချင်ဘူးဟာ..........."

ချစ်​သော.......Where stories live. Discover now