အပိုင်း (13)
နေရောင်က အခန်းပြတင်းပေါက်မှဖြတ်၍ ရိပ်၏မျက်နှာပေါ်တွင်ဖြာကျနေသည်။မနေ့ညက ရှက်နေပေမယ့် ပင်ပန်းနေလို့လားမသိ။ခဏလေးအတွင်းတွင် ရိပ်အိပ်ပျော်သွားသည်။ခုမှ သတိထားမိတာက ရိပ်၏ခါးကို တင်းကြပ်စွာဖက်ထားတဲ့လက်တစ်စုံ။ရ်ပ် ထက်၏ မျက်နှာရှိရာဘက်သိူ့လှည့်လိုက်တော့ အိပ်မောကျနေသော ထက်၏မျက်နှာလေးက ကလေးတစ်ယောက်လိုပင်။ရိပ်ကို ဒေါသဖြစ်မနေတဲ့အချိန်ဆို ထက်ဟာ သိပ်ချစ်စရာကောင်းတဲ့ကောင်လေးဖြစ်သည်။မျက်ခုံးထူထူတွေကို ကျုံးမထားပဲ ဒီလိုအေးအေးချမ်းချမ်းလေးရှိနေစေချင်သည်။
ထက်၏လက်တွေကို အသာအယာဖယ်လိုက်ပြီး အိပ်ယာထဲမှထခဲ့လိုက်ကာ မျက်နှာသစ်ရန်ပြင်ဆင်လိုက်သည်။
ထက် အိပ်ယာကနိုးလာတော့ မနက်၈နာရီခန့်။ဘေးတွင်တော့ ကြာရိပ်ချိုရှိမနေတော့။ဒီလောက် နေမကောင်းတာတောင် စောစောထနေသော သူမကို အံ့သြနေမိသည်။ထက်လဲ ရေမိုးချိုးပီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
"ဟင်.....မင်းကဘာလို့ပြင်ဆင်ထားတာလဲ.....ဘယ်သွားစရာရှိလို့လဲ.....ဆရာဝန်က အနားယူရမယ်လို့ပြောထားတယ်လေ......"
အောက်ထပ်တွင် ရှပ်အကျီအစိမ်းနုလေးကို အောက်က စကပ်အကြပ်လေးနှင့်တွဲဖက်ဝတ်ဆင်ကာ ဆံပင်လေးကို အမြင့်စီးထားသော ကြာရိပ်ချိုကိုတွေ့တာနဲ့ ထက် မေးလိုက်သည်။
"ဒီနေ့က ရိပ် အလုပ်စဝင်ရမယ့်ရက်လေ....စဝင်မယ့်နေ့မှာမပျက်ချင်လို့.....ပီးတော့ ရိပ်လဲသက်သာနေပါပီ......"
ဆန်ပြုတ်သောက်ကာပြောနေတဲ့ သူမမျက်နှာသည် တစ်ရက်အတွင်း သိသိသာသာချောင်ကျသွားသည်။ထက် စိတ်ပူမိပြီး တားချင်ပေမယ့်လဲ သူမသည်ဒီလိုလိုက်ဂရုစိုက်နေရမယ့်မိန်းမမျိုးမဟုတ်။မုန်းနေရမည့် မိန်းမမျိုးသာဖြစ်သည်။ဂရုစိုက်ပေးလိုက်မှ ရောင့်တက်လာမည်ကို သဘောမကျသောကြောင့် ထက် လွှတ်ထားလိုက်ဖို့သာဆုံးဖြတ်လိုက်သည်။
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...