Part (21)

7.4K 135 13
                                    

                                    အပိုင်း (21)


"ထက်.....ရိပ်  ဒီ​နေ့ တရားခံစုံစမ်းဖို့အတွက်  ထူးမြတ်​အောင်ကို ​ခေါ်ထားတယ်......."

ရိပ်က ကား​မောင်း​နေတဲ့ထက် ဘက်သို့လှည့်ကာ​ပြောလိုက်သည်။

"အင်း......သူနဲ့စကား​ပြောတဲ့အခါ ကိုယ်လဲ လိုက်ခဲ့မယ်​နော်......စိတ်မချဘူး......"

​ရိပ်လက်ဖဝါး​လေးကို လက်တစ်ဖက်နဲ့ လှန်းကိုင်ကာ ​ပြောလိုက်သည်။

"ထက် ဒီ​လောက်အကဲပိုတတ်မှန်းမသိခဲ့ဘူး.......​ဘာစိတ်မချစရာရှိလဲ  ထူးမြတ်ပိုင်နဲ့က သူငယ်ချင်း​တွေပဲကို......."

"ဒါ​တော့ဒါ​​ပေါ့......ကိုယ့်မိန်းမကို ဘယ်​ယောကျ်ားနဲ့မှစိတ်မချတာပါ........."

​ပြောလိုက်ရင်း ပါး​လေးကိုဆွဲညှစ်လိုက်​သော​ကြောင့် ရိပ်မှာ မျက်​စောင်း​လေးပင် လှန်းထိုးလိုက်သည်။ဒီ​ကောင်မ​လေး​တွေ ထက် ရင်ခွင်ထဲတွင်သာ ထားချင်​တော့သည်။

"မမ.......သူ​ဌေး......မဂ်လာပါ......"

ထက်၏ရုံးခန်းထဲဝင်လိုက်တာနဲ့ ပျိုဖြူခင်ကို မြင်လိုက်ရ​သော​ကြောင့်  ရိပ် စိတ်​တော့ဘဝင်မကျဖြစ်သွားသည်။သို့​သော်လည်း  ဘယ်လိုပြသနာမျိုးမှမဖြစ်ချင်တာ​ကြောင့်  ပြုံးသာပြုံးပြလိုက်သည်။ရိပ် မျက်နှာကို ထက်အကဲခတ်မိ​သော​ကြောင့်......

"ပျိုဖြူ .......မင်းကို ​ငွေ​ကြေးစီမံဌာနဘက်ကို ​ပြောင်း​ပေးဖို့​ပြောထားပီးပီ......ငါက ခုတ​လောအလုပ်သိပ်မရှိတာ​ကြောင့်  မင်းဟိုဘက်မှာပဲ သွားကူ​​ပေးလိုက်ပါ....အတွင်း​ရေးမှူးလစာအတိုင်းပဲ ​ပေးမှာပါ...အဆင်​ပြေမလား........"

ထက်​ပြောလိုက်​တော့ ပျိုဖြူခင်မျက်နှာပျက်သွားသည်။

"ဟုတ်ကဲ့....ပျိုဖြူအဆင်​ပြေပါတယ်......ပျိုဖြူကိုခွင့်ပြုပါဦး......"

​ဒေါသထွက်လွန်း​ပေမယ့်  ​ဒေါသကိုထုတ်ပြလို့မဖြစ်​သေးတာ​ကြောင့်  ​အေး​​အေး​ဆေး​ဆေးသာ အခန်းထဲကထွက်သွားဖို့ ပြင်လိုက်သည်။ရိပ်ကို​တော့ အမှုန့်ကြိတ်ပစ်ချင်​လောက်​အောင်  စိတ်ထဲ ငြှိုးထားလိုက်သည်။

ချစ်​သော.......Where stories live. Discover now