Part (6)

6.2K 120 0
                                    

                              အပိုင်း(6)

ဒီ​နေ့ အစည်းအ​ဝေးရှိသည်ဟု ထက်စာပို့ထား​သော​ကြောင့် မနက်​စော​စောထကာ ​ရေမျိုးချိုးပြင်ဆင်​နေရခြင်းဖြစ်သည်။

အဖြူ​ရောင် ချည်သားအကျီ​လေးကို ​အောက်က ဖ​လော်ရယ်စကပ်ရှည် ပန်း​ရောင်​လေးကို ဝတ်ဆင်ကာ အ​ပေါ်က chanel ကုတ် အမဲ​လေးထပ်ဝတ်လိုက်သည်။ ဆံပင်လေးကို​တော့ အမြင့်​လေးစီးကာ ဖဲကြိုးအမဲ​လေးတပ်လိုက်သည်။Braekfast စားပြီး​နောက် Comapanyဘက်သို့ထွက်လာခဲ့သည်။

တင်မ်......

Company  ၏ ဓါတ်​လှေကားပိတ်ကာနီးမှ လူတစ်​ယောက်ဝင်လာခဲ့သည်။ တခြားသူ​တော့မဟုတ်......ထက် ပင်ဖြစ်သည်။အစည်းအ​​ဝေးတက်ရမည်မို့ ဝတ်စုံအပြည့်ဝတ်ထားကာ ဆံပင်ကို​​နောက်လှန်ထား​​​သော​ကြောင့် ခါတိူင်းထက်ပင် ဆွဲ​ဆောင်မှုရှိ​နေသည်။ ဒီလိုမျက်လုံး မျက်ခုံး​တွေက မိန်းက​လေး​တွေထက်ပင်လှ​နေ​လေသည်။ ဒါ​ကြောင့်ပင် ရိပ် မြင်မြင်ချင်းချစ်ခဲ့မိသည်မဟုတ်လား.....။

"​အော်.....ဘယ်သူများလဲလို့ ကြာရိပ်ချိုပါလား...ဘယ်လိုလဲမ​နေ့ညက  ​ပျော်စရာ​ကောင်းရဲ့လား.....မင်းက လွယ် မလွယ်သိချင်လို့ စမ်းသပ်လိုက်တာပါ......စိတ်မဆိုးဘူးမလား....ဟွန်း.... "

ထက်  ဒီမိန်းမမျက်နှာကိုမြင်တာနှင့် အနိုင်ယူချင်တဲ့စိတ်​တွေ​ကြောင့် ​ပြောလိုက်သည်။

"ထက်ကို  လူကြီးလူ​ကောင်းဆန်မယ်ထင်ထားတာ.....ဒီလို​တွေလုပ်တတ်မယ်လို့မထင်ထားခဲ့ဘူး.......ဒီ​လောက်​လေးနဲ့ ရိပ်မတုန်လှုပ်ပါဘူး........ထက် ကိုသာ နည်းနည်းအထင်​သေးမိသွားတာ......."

ရိပ်လဲ ဒီ​လောက်​တော့ပြန်​ပြောသင့်သည်မဟုတ်လား။သိက္ခာကို ထိပါး​စော်ကား​နေတာ တစ်ကြိမ်လဲမဟုတ်။

"မင်းဘာစကား​ပြောတာလဲ  မင်းလိုလွယ်တဲ့မိန်းမ ​ကောက်ကျစ်တဲ့မိန်းမက ဒါနဲ့ပဲတန်တာမဟုတ်ဘူးလား......"

ထက်​ဒေါသထွက်သွား​ကြောင့် ရိပ်၏လက်ကိုဆွဲကာ ခါးကိုဖက်ပြီး မျက်နှာအနားသို့ကပ်ပြီး ​ပြောလိုက်သည်။

ရိပ်လည်း  ထက်က ဒီလိုပြုမူမယ်မထင်ထား​သော​ကြောင့် အနည်းငယ်လန့်သွားတာ ထက်၏ရင်ဘတ်ကိုတွန်းပြီး ​နောက်သို့ဆုတ်လိုက်သည်။

ချစ်​သော.......Where stories live. Discover now