အပိုင်း (4)
ထက်ဟာ မိုးမြင့်စံဆုံးသွားပီးတည်းက ကျောင်းထွက်ပီး နိုင်ငံခြားမှာပဲ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ခဲ့သည်။ ဘွဲ့ရပီး မြန်မာပြည်ပြန်လာတော့ မိဘတွေရဲ့လက်အောက်ကနေခွဲထွက်တာ မိုးကုတ်မြို့လေးမှာအခြေချပြီး Royal Htet Perfume Company ကိုတည်ထောင်ဦးစီးခဲ့သည်။
ခုဆိုရင် ထက်ရဲ့ companyဟာအတော်အသင့်အောင်မြင်နေပီမို့ ရှယ်ယာရှင်တစ်ဦးထပ်ထည့်ရန်စီစဥ်နေခဲ့ပြီဖြစ်သည်။
ထက်ဘဝထဲက မိုးကိုဆွဲထုတ်သွားခဲ့သည့် ထိုမိန်းမကိုလဲ ထက်ရင်ထဲမှာ အမြဲမှတ်ထားခဲ့သည်။
ခုလိုပြန်တွေ့တော့ အဆင်ပြေပြေဖြစ်နေသည့် ကြာရိပ်ချိုကို မြင်ရတာ ရင်ထဲကမီးတွေကိုပိုတောက်လောင်စေခဲ့သည်။"သူများဘဝကိုဖျက်စီးပီးမှ မင်းကအေးဆေးနေနိုင်တယ်တဲ့လား ကြာရိပ်ချို.....ခုချိန်ကစပြီး မင်းဘဝဘယ်တော့မှမအေးချမ်းစေရဘူး....တောက်"
ထက် ရင်ထဲကအငြို့အာဃာဃတွေနဲ့ တောက်ခေါက်ကာ စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးကို နံရံဆီသို့ပစ်ပေါက်လိုက်သည်။
"သမီး.....ပြန်ရောက်လာပီလား ဒီမှာထိုင်ဦး.....အဖေပြောစရာရှိလို့......."
ရိပ် ရန်ကုန်ကထွက်လာပီး မိုးကုတ်ကိုရောက်ပြီး ခြောက်လလောက်မှာတင် ရိပ်၏အမေဟာ သမီးအတွက်စိတ်မကောင်းဖြစ်ကာ အိပ်ယာထဲလဲသွားခဲ့သည်။ ရိပ်၏ လူသတ်သမားဆိုတော့ အတင်းအဖျင်းတွေကြောင့် မိုးကုတ်မှာရှိတဲ့ကျောင်းတွေကတောင် ရိပ်ကိုလက်မခံ။နောက်တော့ အဖေ့အသိမိတ်ဆွေတစ်ဦးရဲ့အကူအညီနဲ့ ရိပ်ကျောင်းဆက်တက်ပြီး ဘွဲ့ရခဲ့သည်။
ရိပ်ဘွဲ့ယူမည့်နေ့မှာတင် ရိပ်၏အမေဟာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်။ အမှန်ဆိုရင် ရိပ်၏ဘဝက အဆင်ပြေမနေတဲ့အပြင် ခက်ခဲခဲ့သည်။
"ဟင်....ဖေဖေဧည့်ခန်းမှာစောင့်နေတာ ဘာကိစ္စများရှိလို့လဲဟင်......"
သမီးပြန်အလာကိုစောင့်နေသော အဖေဖြစ်သူအနားတွင် ရိပ်ထိုင်လိုက်သည်။

ВЫ ЧИТАЕТЕ
ချစ်သော.......
Любовные романы🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...