အပိုင်း (7)
ဖေဖေကလဲ မကန့်ကွက်။လူငယ်ချင်းသဘောထားတိုက်ဆိုင်ရင် သမီးတို့အဆင်ပြေသလိုလုပ်ပါဟုသာပြောခဲ့သည်။
ထက်ရဲ့မိဘတွေကလဲ ထက်ရဲ့အကြောင်းကြားမှုကြောင့် မအားသည့်ကြားကပင် မိုးကုတ်ကိုတက်လာခဲ့ကြသောကြောင့် လက်ထပ်ပွဲကို ရှေ့သို့ရက်စော၍ပင် ကျင်းပလိုက်ရသည်။ အစတည်းက စီးပွာရေးကိုပဲရှေ့တန်းတင်တတ်ကြသောကြောင့် ရှယ်ယာရှင်ဖြစ်နေသော ရိပ်ကို ထေွထွေထူးထူးကန့်ကွက်မနေပါ။
ထက်က တိုက်ပုံအဖြူရောင်လေးကို သနပ်ခါးရောင်လံချည်လေးနှင့်တွဲဝတ်ထားသည်။ နဂိုကပင် ထည်ဝါလွန်းသောကြောင့် ထက် ဒီပွဲမှာဘယ်လောက် ဆွဲဆောင်မှုရှိပီး သပ်ရပ်နေသလဲ ပြောစရာပင်မလို။
မဂ်လာဝတ်စုံကိုတော့ ရိပ်၏တောင်းဆိုမှုကြောင့် အခမ်းအနားရော ဝတ်စုံတွေကိုရော သနပ်ခါးရောင်သာ သုံးထားသည်။ ဒီထက် အေးချမ်းဖို့ရာ မရှိသော်လည်း မြူမှုန်လောက်ဖြစ်ဖြစ် အေးချမ်းစေချင်သောကြောင့် ထိုအရောင်ကိုသုံးခဲ့ခြင်းဖြစ်သည်။
သနပ်ခါးရောင် ထိန်မသိမ်းဝတ်စုံလေးနှင့် ဖြူဖြူဖေွးဖွေး သတို့သမီးလေးဟာလဲ နက်မှောင်နေသော ဆံပင်တို့ကို အမြင့်ထုံးထားကာ သဇင်ပန်းတို့နှင့်ဝေဆာနေလေသည်။ ချစ်လို့သာ လက်ထပ်ခဲ့ကြခြင်းဖြစ်လျှင် ဘယ်လောက်ပျော်ရွှင်စရာကောင်းမည်နည်း။ လုပ်ငန်းရှင်အချို့လဲ တက်ရောက်ကြသောကြောင့် မဂ်လာပွဲသည် ထင်ထားသည်ထက် ပိုစည်ကားခဲ့သည်။
၂ယောက်လုံး အပြုံးတွေနှင့်ဧည့်ခံနေသော်လည်း ရင်ထဲက အကြောင်းအရာတွေကို ဘယ်သူမှမသိနိုင်ပါ။
"ထက် ရှင်ပြုံးထားလေ ဟိုမှာအမှတ်တရပုံရိုက်နေတာကို....."
ခေါင်းချင်းကပ်ကာ ပြုံးနေ၍ တိုးတိုးတိတ်တိတ် သတိပေးလိုက်သည်။
"မင်းလိုမိန်းမမျိုးနဲ့လက်ထပ်ရတာ ပျော်စရာဘာပါလို့လဲ.....ငါ့လုပ်ငန်းတစ်ခုတည်းအတွက် ငါလုပ်နေတာနော်....."
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...