အပိုင်း (15)
"ရိပ်လုပ်တာမဟုတ်ပါဘူး.....အဲ့နေ့က ရိပ်အပြင်ကပဲစောင့်ပေးနေခဲ့တာ ကျန်တာဘာမှမသိလိုက်ဘူး.........ရိပ်ပြောတာယုံပေးပါ ထက်ရယ်........"
ထက်ရဲ့အကျီစလေးကို ဆွဲကာ ကလေးတစ်ယောက်လိုငိုပြီး ပြောနေတဲ့ရိပ်ဟာ အသိစိတ်လွတ်နေလို့သာ ရင်ထဲကစကားတွေထွက်လာခြင်းဖြစ်သည်။အဖြစ်မှန်တွေကို ထက်ကို ရှင်းပြချင်ခဲ့ပေမယ့်လဲ သူကိုယ်တိုင်လဲ အဖြစ်မှန်ဟာ ဘယ်လိုဆိုတာ ဝိုးတဝါးဖြစ်နေခဲ့တာမို့ တစ်သက်လုံး ရေငုံနှုတ်ပိတ်နေလာခဲ့ခြင်းမဟုတ်လား.......။
"မင်းဆက်ပြောနေမယ်ဆိုရင် ဒီမှာပဲနေခဲ့လိုက်တော့.....မင်းနဲ့စတွေ့တည်းက ငါ့ဘဝက ကံဆိုးမိုးမှောင်ကျခဲ့တာ.....မိုးကတော့ ပိုပြီးအဖြစ်ဆိုးခဲ့တာပေါ့.....မင်းက မြွေဟောက်လိုပဲ ကြာရိပ်ချို.........မင်းမလုပ်ခဲ့ရင် ဒီပုံတွေဟာ ထွက်လာစရာမရှိခဲ့ဘူး.......မင်းကျောင်းကို ဖုန်းယူလာတတ်တယ်ဆိုတာ ငါသိတယ်...........လွှတ်စမ်း ငါ့ကို........."
ရိပ်ဟာ မိဘ၂ယောက်လုံးက ရုံးချိန်နောက်ကျ၍ကျောင်းကြိုချိန်မှီလေ့မရှိတာကြောင့် အဆက်အသွယ်လုပ်လို့ရအောင် ဖုန်းကိုယူလာတတ်သည်။ထိုအချက်တွေကြောင့် ထက်နဲ့ပိုဝေးစေခဲ့သလား။ငိုနေတဲ့ရိပ်ကို လမ်းဘေးမှာချထားပြီး ဒေါသတကြီး ကားကိုမောင်းထွက်လာခဲ့သည်။မိုးအကြောင်းကိုအစဖော်မိရင် ဆတ်ဆတ်ထိမခံတဲ့ ထက် ပင်မဟူတ်လား.....။"တောက်.......မင်းမျက်ရည်တွေမှာ ငါဘယ်တော့မှ မကျရှုံးဘူး ရိပ်........မင်းကြောင့် မိုးနဲ့ငါဝေးရတာ.........မင်းဟာမင်းဖြစ်ချင်တာဖြစ်............."
ဒေါသတွေဟာ သိပ်ကြောက်စရာကောင်းသည်။ဒေါသဟာ အမှန်ကိုတွေ့မြင်နိုင်လေ့မရှိပါ။ထက်တစ်ယောက် ကားဟွန်းတွေတီးကာ ကမူးရှူးထိုးမောင်းလာလိုက်သည်။
Ring Ring.........
"ကျစ်......ဒီအချိန်ကြီးမှ........"
ထက်၏ မိသားစုဆရာဝန်ဆီမှ ဖုန်းဝင်လာသောကြောင့် ကားခဏရပ်ကာ ဖုန်းကိုဖြေလိုက်သည်။
![](https://img.wattpad.com/cover/312839752-288-k601640.jpg)
YOU ARE READING
ချစ်သော.......
Romance🥀🥀🥀အတိတ်ကကိစ္စတွေကြောင့်ဘဝကိုတိတ်တိတ်လေးဖြတ်သန်းနေရတဲ့"ကြာရိပ်ချို " ဟာသူကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ "ထက်" ဆိုတဲ့ကောင်လေးနဲ့ပြန်တွေ့ဆုံပြီးနောက် ထိုကောင်လေးကလဲအတိတ်ကအကြောင်းတွေကြောင့် အမုန်းကြီးမုန်းနေသောအခါ 🥀🥀🥀 Ro...