Part (23)

5.7K 128 25
                                    


အိမ်​ရောက်တာနဲ့ ကား​ပေါ်က အမြန်ဆင်းကာ ရိပ်ဆီသို့ ကံတခါးအ​ပြေးလာဖွင့်​ပေး​သော ထက်​ကြောင့် ရိပ်မှာ အချစ်ပိူရပြန်ပါသည်။

"ထက်ရယ်.......ရိပ်ကိုယ့်ဟာကိုယ် ​လျှောက်နိုင်ပါတယ် ......"

"ကိုယ် ရိပ်ကိုဘယ်လိုမှစိတ်မချ​တော့ဘူး ရိပ်​ဘေးက​နေအမြဲ​စောင့်​ရှောက်​ပေး​တော့မှာမို့ ရိပ် ဘာမှမစိုးရိမ်နဲ့​နော်......."

ရိပ်ရဲ့လက်​လေးကို ဆုပ်ကိုင်ကာ ဧည့်ခန်းက ဆိုဖာ​ပေါ်တွင် ရိပ်ကိုထိုင်ခိုင်းလိုက်သည်။

"ထက် ရိပ်ဘာမှမဖြစ်ဘူး​နော် အရမ်းစိတ်ပူမ​နေနဲ့ ရိပ်အ​ပေါ်တက်ပီး ​ရေချိုးလိုက်ဦးမယ် ထက် ထမင်း စားနှင့်​နော်........"

"ကိုယ်​စောင့်​နေမယ်​လေ တူတူစားမယ်......."

"ဟုတ်......."

ရိပ် ထက်ကို ပြုံးပြလိုက်ပီး အ​ပေါ်တက်လာလိုက်သည်။ရိပ်​ကြောင့် ထက်ပါ အန္တရာယ်ကြားထဲ​ရောက်​နေပီလားဟူ​သောအသိနှင့် ပါးပြင်​ပေါ် မျက်ရည်စက်တို့က ​နေရာယူနှင့်သွားသည်။

အခန်းထဲ​ရောက်တာနဲ့ ရိပ် ပိုက်ဆံအိတ်ထဲက ဖုန်းကိုထုတ်ကာ ထူးမြတ်ပိုင်ကို ​ခေါ်လိုက်သည်။

"ဟယ်လို.......ငါနင့်ကိုတစ်ခုစုံစမ်းခိုင်းစရာရှိတယ်ဟာ.....ပီး​တော့ အမှုတစ်ခုလဲဖွင့်စရာရှိလို့.........."

".............."

ဖုန်း​ပြောပီးသည်နှင့် ထက်နှင့်ထမင်းစားရန် ​အောက်သို့ဆင်းလိုက်သည်။

ထမင်းစားပွဲမှာ ထိုင်​စောင့်​နေတဲ့ အမျိုးသား​လေးကိုကြည့်ပီး​နွေး​ထွေးရပြန်သည်။

တစ်ဖက်တွင်.........

"နင်တို့ ​သေချာလုပ်နိုင်တာ ဘာတစ်ခုမှမရှိဘူးလား......အသုံးမကျတဲ့​ကောင်​တွေ......ပိုက်ဆံလိုချင်ရင် အလုပ်ကိုလဲဖြစ်​မြောက်​အောင်လုပ်​လေ............ဒီတခါ ငါအခွင့်အ​ရေးထပ်​ပေးမယ် ငါ​ပြောတဲ့အတိုင်ူလုပ် ကြားလား........"

အတ္တကို​ရှေ့တန်းတင်ကာ ပျိုဖြူခင်တစ်​ယောက် ​ဒေါသ​တွေ​ပေါက်ကွဲ​နေ​လေသည်။ထက်ကိုမှ သူမပိုင်ရရင် ဘယ်သူမှလဲမပိုင်​စေရဟု ​ခေါင်းထဲတွင်အမြဲ​တွေး​နေ​တော့သည်။

ချစ်​သော.......Where stories live. Discover now