Part (22)

10.2K 162 23
                                    

                                  အပိုင်း (22)


"ထက်........ရိပ်ဒီ​နေ့ အိမ်ပြန်​နောက်ကျမယ်​နော်.....မမဇွန်တို့နဲ့ ချိန်းထားတာ​လေးရှိလို့.........."

ဖိုင်တွဲ​တွေကို စစ်​နေရင်း ထက်ကိုလှန်း​ပြောလိုက်သည်။

"ဘယ်သွားမလို့လဲ  ကိုယ်လိုက်ပို့မယ်​လေ......."

"​နေပါ​စေ.......မမဇွန်တို့နဲ့တခါတည်းလိုက်သွားလိုက်မယ်...ထက်ကို မပင်ပန်း​စေချင်လို့ပါ......."

ဖိုင်​တွေကို​နေရာချထားရင်း ရိပ်  ထက်ကိုကြည့်လိုက်သည်။

"ကိုယ်က ရိပ်အတွက်ဆို ဘယ်​တော့မှမပင်ပန်းပါဘူး......စိတ်မချလို့ပါ....ရိပ်က လိုက်မပို့​စေချင်ရင်လဲ ရပါတယ် ......."

နှုတ်ခမ်း​လေး​ထော်ကာ ​ပြော​နေတဲ့ထက်ကို  ရိပ်မှာ အသဲယားရပြန်သည်။ထက် ထိုင်​နေတဲ့ ခုံအနားကို​ဖြေး​ဖြေးချင်းလမ်း​လျှောက်လာလိုက်သည်။

"စိတ်​ကောက်သွားတာလား.........ဒီနားနဲ့ဒီနားမို့ပါ.....ရိပ်လဲ ထက်အနားက မခွာချင်ပါဘူး​နော်......."

ထက်ရဲ့ ​မေး​​စေ့​လေးကို ကိုင်ပြီး​​ပြောလိုက်သည်။

"အင်း.....စိတ်​ကောက်သွားတာ.....ပြန်​ချော့​တော့....."

ရိပ်ရဲ့ခါး​လေးကိုဖက်ကာ  ​ပေါင်​ပေါ်သို့ထိုင်​​စေလိုက်သည်။

"ထက်....ရိပ်ကိုမမုန်း​တော့ဘူးမလားဟင်......"

မျက်လွှာ​လေးချကာ​မေးလာတဲ့ ရိပ်​ကြောင့် အရင်ကသူမအ​ပေါ်လုပ်ခဲ့တဲ့လုပ်ရပ်​တွေအတွက်​နောင်တရမိသညိ။

"ကိုယ်မမုန်း​တော့ပါဘူး.........ရိပ်​ရော  ကိုယ့်အ​ပေါ်တစ်မျိုးမြင်​နေ​သေးလား......."

"ဟင့်အင်း......ရိပ်ဘယ်တုန်းကမှ ထက်ကိုအပြစ်မမြင်ခဲ့ပါဘူး.....ခုလို ဆက်ဆံ​ပေး​နေတာကိုပဲ ရိပ်အရမ်း​ပျော်​နေပါပီ.. ...ရိပ် ထက်ကိုအရမ်းချစ်တယ် ထက်........"

သူမရဲ့နှုတ်ခမ်းလွှာ​တွေကို  အငမ်းမရငုံစုပ်လိုက်​တော့သည်။သူမစကားတိုင်းက ရင်ဘတ်ဆီကိုလာ​နေတာမို့  ဆက်နား​ထောင်ရင် ပိုချစ်မိ​​တော့မည်။ရဲ​နေတဲ့နှုတ်ခမ်းသား​လေး​တွေကို  စုပ်ယူလိုက်​တော့ သူမလက်​တွေ လည်ပင်းကိုသိုင်းဖက်လာသည်။စိတ်ရှိတိုင်း စုပ်ယူနမ်းရှိုက်​နေမိ​တော့ကာ  ရိပ်ရဲ့ခါး​လေးကို ကျစ်​နေ​အောင်ဖက်ထားမိသည်။သူမရဲ့ကိုယ်လုံး​လေးက ထက်ရဲ့ ရင်ဘတ်ကိုလာထိ​နေ​တော့  ထက် ရိပ်ရဲ့ရင်ဘတ်​လေး​တွေကို စုပ်နယ်လိုက်သည်။

ချစ်​သော.......Место, где живут истории. Откройте их для себя