Part 26

5.1K 122 11
                                    

                         Part 26

"သတိရလာပီလား သမီး........"

မျက်လုံးဖွင့်ဖွင့်ချင်း ဖေဖေ့ကိုတွေ့လိုက်ရသည်။ဆေးရုံရောက်သွားပြန်ပီပေါ့ ရိပ်ရေ ကိုယ့်ဟာကိုယ်တွေးရင်း သတိဝင်လာသည်။

"ဟင်.... ဖေဖေ သမီးကလေးလေး ဘေးကင်းရဲ့လား အဆင်ပြေရဲ့လားဟင်......"

ကလေးလေးသာတစ်ခုခုဖြစ်သွားမယ်ဆို ကိုယ့်ကိုယ်ကို ခွင့်လွှတ်လို့ရမည်မထင်။ထက်ရဲ့ တစ်ခုတည်းသော အငွေ့အသက်လေးမဟုတ်လား။

"မြေးလေး ဘေးကင်းပါတယ် သမီးရဲ့ ......ဘာမှမဖြစ်လို့တော်ပါသေးတယ်ကွယ်....မောင်ထူးမြတ်ပိုင်ဖူန်းဆက်လို့ ဖေဖေချက်ချင်းလိုက်လာခဲ့တာ......"

ဖေဖေက ရိပ်ရဲ့လက်ကိုကိုင်ကာပြောလိုက်သည်။

"ထက်နဲ့က ဘယ်လိုဖြစ်တာတုန်းကွယ် ......ကလေးလဲရှိနေပီကို ညှိနှိုင်းကြပါဦး........"

"သူက သမီးကိုတောင်မမေးမမြန်းပဲ ထင်ရာစိုင်းနေတာဖေဖေ ခုချိန်သွားရှင်းပြလဲ အရာမရောက်ဘူး သမီးသိတယ် ဖေဖေ.......ခဏလေးဖြစ်ဖြစ် ဒီတိုင်းပဲနေလိုက်ပါ့မယ်........"

ဖေဖေ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။ရိပ်ကြောင့် အားလုံးအဆင်မပြေဖြစ်ကြရပီ ။ကြားထဲက ထူးမြတ်ပိုင်ကိုလဲ အားနာလှပါပီလေ။

"မောင်ထူးမြတ်ကို ဖေဖေပြန်ခိုင်းလိုက်တယ်ကွယ် သူ့ကိုလဲ အားနာလို့လေ......သမီးကတော့ ဆေးရုံမှာတစ်ရက်နားလိုက်ကွယ် ......နော်"

"ဟုတ်......ဖေဖေ ရပါတယ်......ဖေဖေလဲအိမ်ပြန်ပီးနားလိုက်ဦးလေ....ရိပ်လဲအဆင်ပြေနေပါပီ.....ရေမိုးချိုးပီးမှ ပြန်လာခဲ့လေ......"

ဖေဖေလဲ စိတ်ပူနေရလို့ထင်သည်။ချွေးတွေကြောင့် အကျီပင်စိုနေသည်မို့ အိမ်ပြန်ခိုင်းလိုက်သည်။

"ဟုတ်ပီ သမီးကြိုက်တာလေးတွေ ဖေဖေချက်ခဲ့မယ်နော် ရေချိုးပီးတာနဲ့ ပြန်ခဲ့လိုက်မယ်......စိတ်ချမယ်နော် သမီး....."

"ဖေဖေရယ် ရိပ်က ကလေးကျနေတာပဲ....သွားပါ ဂရုစိူက်ပါ့မယ် ဟင်းဟင်း......"

စိတ်ပူနေတဲ့ ဖေဖေ့ကိုကြည့်ပီး ထက်ကိုပင် သတိရမိသွားသည်။တစ်ချိန်က ထက်လဲ ဖေဖေ့လို ဂရုစိုက်ခဲ့ဖူးပါသည်။ဖြစ်ပီးတာတွေ ပီးပါစေတော့လေ ကလေးလေးကိုပဲ ဂရုစိုက်နေရတော့မည်။

ချစ်​သော.......Where stories live. Discover now