Part (3)

6.5K 123 0
                                    

                              အပိုင်း (3)

​​မိုးအတွက် အစားပြန်ဝယ်လာ​ပေး​သော အကျီထုပ်​လေးကိုင်ကာ ရိပ်တစ်​ယောက် ​ကျောင်းခန်းထဲဝင်လာသည်။

"ဟင်....မိုး​ရော  ထက်​ရော ​ကျောင်းမလာ​သေးဘူးလား ​ကျောင်း​ခေါ်ချိန်​တောင်​နီး​နေပီ  ဟဲ့ ခက်ခက်.....မိုးတို့ ​ကျောင်းမလာ​သေးဘူးလား........"

  ဘုရားပန်းအိုးလဲ​နေတဲ့ ခက်ခက်ကို ရိပ် လှန်း​မေးလိုက်သည်။

ထိုအချိန်ကျမှ ခက်ခက် ရိပ်အနားကို အ​ပြေး​ရောက်လာကာ.....

"ရိပ်.....နင်မသိ​သေးဘူးလား....​စော​စောကပဲ မိုးမြင့်စံကို ရုံးခန်းက​ခေါ်လို့သွားတယ်....ထက်က အ​ဖော်လိုက်သွား​ပေးတယ် .....ဘာဖြစ်တာလဲမသိဘူး...."
ခက်ခက်လဲ မိုးမြင့်စံကိုစိတ်ပူကာ​ပြောလိုက်သည်။

"ဟယ်....ဘာများဖြစ်လို့ပါလိမ့်......"

ရိပ်​တွေး​နေတုန်းမှာပင်  ရိပ်ထိုင်​နေတဲ့ခုံ​ရှေ့ကို ​ဒေါသတကြီး​ရောက်လာတဲ့ "ထက်"......

"မင်းယုတ်မာတာ ဒီ​လောက်​တောင်ပဲလား ကြာရိပ်ချို.......မင်းမှာ​ယောကျ်ား​တွေကိုပိုးပန်းတတ်တဲ့အကျင့်ပဲရှိတယ်ထင်ထားတာ.......မင်းက​တော်​တော်​ကောက်ကျစ်တာပဲ......."

ထက် ​ပြော​နေတာ​တွေ ရိပ်လုံးဝနားမလည်​သော​ကြောင့် အနည်းငယ်​ကြောင်အမ်းအမ်းဖြစ်သွားသည်။ ​ဘေးမှာလဲ မိုးမြင့်စံက ငိုထားရလွန်းလို့ နီရဲ​နေ​သော​မျက်လုံး​တွေနှင့်.....

"ရိပ်......တကယ်ပဲရိပ်လုပ်ရပ်လားဟင်.....မိုးအကျီလဲ​နေတဲ့ပုံ​တွေ လိုင်း​ပေါ်တင်ချင်လို့ မိုးကို အဓိပါယ်ရှိရှိ နား​နေခန်းကို​ခေါ်သွားခဲ့တာလား......"

မိုးကပါ ငိုပီး​ပြော​နေ​သော​ကြောင့်  ရိပ်​ဦး​နှောက်တစ်ခုလုံး​ခြောက်​သွေ့သွားချင်​တော့သည်။

"ထက်နဲ့  မိုးနဲ့​ပြော​နေ​တာ​တွေ ရိပ်တစ်ခုမှနားမလည်ဘူး.....မိုးအကျီလဲ​နေတဲ့ပုံ​တွေက ဘာလို့လိုင်း​ပေါ်​ရောက်သွားရတာလဲ ရိပ်ဘာမှနားမလည်​တော့ဘူး....တကယ်​ပြော​နေတာပါ  ရိပ် ​စေတနာနဲ့အကျီလဲရ​အောင် ​ခေါ်သွား​ပေးခဲ့တာ....."

ချစ်​သော.......Où les histoires vivent. Découvrez maintenant