Part (10)

6.4K 114 5
                                    

                                 အပိုင်း (10)

ဒီ​နေ့ ရိပ် ​ခြေ​ထောက်​ကြောင့်နား​နေရတာ ၄ရက်​မြောက်​နေ့ဖြစ်သည်။ ထက်နဲ့အတူ တစ်ခန်းထဲ​နေရ​ပေမယ့်  ထက်က အလုပ်မှာသာ အချိန်ပိုကုန်တတ်သဖြင့်  ည​အိပ်ချိန်ခဏသာ ထက်ကို​တွေ့ရတတ်သည်။ ည​ရေးညတာအလိုရှိရင် ကူညီ​ပေး​ပေမယ့် ဒီရက်ပိုင်း ရိပ်ကိုစကားသိပ်မ​ပြောပါ။ဒီ​​နေ့လဲ အလုပ်ကမိတ်​ဆွေ​တွေနဲ့ Partyရှိလို့ ​နောက်ကျမယ်သာ ​ပြောသွားသည်။ ည ၁၁နာရီပင်ထိုး​တော့မည်  ထက် ပြန်မ​ရောက်​သေး။
​ဒေါ်​ဒေါ်ချိုကလဲ ည​နေတည်းကပြန်သွား​သော​ကြောင့်  ရိပ် ​ကျောထဲကပင်စိမ့်သည်။

" ရိပ်......ရိပ်.......ကြာရိပ်ချို......ငါ့မိန်းမ.....​ကောက်ကျစ်တဲ့မိန်းမ........"

​အ​တွေး​တောင်မဆုံးလိုက်ပါ....​အောက်ထပ်က ​ကျေးဇူးရှင် ထက်၏ အသံပင်ဖြစ်သည်။ ပွဲမှာမိတ်​ဆွေ​တွေ​ကဘယ်​လောက်​တောင်တိုက်လိုက်လို့ ဒီအ​ခြေ​နေဖြစ်လာသလဲမသိ။
အော်ကြီးဟစ်ကျယ် ​အော်​ခေါ်​နေတာ သူမရှက်​ပေမယ့် ရိပ်ရှက်သည်။ပတ်ဝန်းကျင်လဲရှိ​သေးသည်မဟုတ်လား။

"ဟ........မင်းက  ကိုယ့်​ယောကျ်ားပြန်လာတာကို လာမကြိုနိုင်​လောက်​အောင်  ကြီးကျယ်မြင့်မြတ်​နေတာလား......​ဒေါ်ကြာရိပ်ချို"

​ဟောကြည့်......လူမှန်းမသိ​​အောင်သောက်လာ​တော့ ​ခြေ​ထောက်ဒဏ်ရာရထားတာကို​တောင် သူမမှတ်မိ​တော့။

"ဒီမှာ.....မူး​နေရင်လဲ အိပ်​တော့ ထက်.....ရှင့်အသံက ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားမဟုတ်​တော့ဘူး.......တစ်နိုင်ငံလုံးကြားရ​တော့မယ်....."

မူးရူးကာ ​အော်ဟစ်​နေ​သော ထက်ကို ရိပ်အမြင်လဲကပ်မိသညိ။အစားအိမ်​ရောဂါရှိတာကို လူမှန်းမသိ​အောင်​သောက်လာ​သော​ကြောင့်  စိတ်လဲပူမိသည်။ မနက်​ဆို  ထနိုင်ရင်​တောင် ဗိုက်​အောင့်​နေ​တော့မည်မဟုတ်လား။

"ငါ့ရင်ထဲက အသံ​တွေကို​တော့ ဘယ်သူမှမကြားနိုင်ပါဘူး......မိုးလဲမကြားနိုင်​တော့ဘူး.....မင်း​ကြောင့်ကွာ......မင်း​ကြောင့်........ဆယ်တန်းပြီးတာနဲ့ ငါ မိုးကိုချစ်ခွင့်ပန်​တော့မှာကိုကွာ......မိုးကို ချစ်တယ်လို့​တောင် ​ပြောခွင့်မရလိုက်ဘူး ......."

ချစ်​သော.......Where stories live. Discover now