Chapter - 2

426 35 0
                                    

Unicode

ဘာလို့လဲ ဘာလို့ငါ့ကျမှ

[တိန်.....အဆုံးစုံသောနာကျဉ်းမှုများနှင့် ပြည့်နက်သော လူသားတစ်‌ယောက်ကိုတွေ့ရှိ]

မင်းဘယ်သူလဲ

[သင့်ရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးဖို့ ကျွန်ုပ်ကရောက်ရှိလာတာပါ]

ငါ့ရဲ့ဆန္ဒတွေ....ငါဖြစ်ချင်တာဘာမဆိုလား။

[ဟုတ်ပါတယ် ဒါပေမဲ့ သင် သင့်ရဲ့စိတ်ဝိညာဉ်အစိတ်အပိုင်းတွေကိုပေးရပါလိမ့်မည်]

ရတယ် ငါပေးမယ် အဲ့ဒီလူကိုကလဲ့စားချေဖို့ ငါဘာမဆိုလုပ်နိုင်တယ် မင်းကတစ်ကယ် အဲ့ဒီလူကိုငါ့အတွက် ကလဲ့စားချေပေးမှာလား"

[ကျွန်ုပ်တို့က ပြောထားတာကိုဖျက်လေ့မရှိပါဘူး ဒါဆို................]
------------------------------

ညအချိန် အသုံးမပြုသောဂိုထောင်တစ်ခု၌ နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လျက်ရှိသည်။

အာ...နားညီးလိုက်တာ...
ကျွတ် ကျွတ် ကျွတ်.. သနားစရာဘဲ..

အဆင့်မြင့်ဇိမ်ခံဆိုဖာပေါ်တွင် ထိုင်နေသော လူငယ်တစ်ယောက်ဆီမှထွက်လာသောအသံကြောင့် နာကျင်စွာအော်ဟစ်သံများ တိတ်ဆိတ်သွားသည်။

ထိုလူငယ်သည်အသားဖြူ၍ ခါးထိရှည်သော ဆံနွယ်လှိုင်းအကောက်မျာ၊ မေးချွန်ပေမဲ့ ဖောင်းနေသောပါး၊ချုံကြည့်လျှင် လှပ၍ ချစ်စရာကောင်းသည်။

သို့သော် ထိုလူငယ်၏ သမင်မျက်လုံး ကဲ့သို့လှပသောမျက်ဝန်းပြာများက သမုဒ္ဒရာချောက်နက်လို အေးစက်ကာ ခံစားချက်မရှိပေ....။

ထိုလူငယ်ဆီမှထွက်ပေါ်လာသော အသံမှာလည်း ချိုမြသော်လည်း ရက်စက်လှသည်။

ဟက် ... ပြောစမ်းပါအုန်း မသေခင်လေး

တောင်းပန်ပါတယ် လွှတ်ပေးပါ ခိုင်းတာဘာမဆိုလုပ်ပါ့မယ်...

မင်းလိုအသုံးမကျတဲ့ လူသားကများ
ဒီသခင်ကိုဘာများလုပ်ပေးနိုင်မှာလဲ

.....

ပျင်းစရာဘဲ

ဒီလိုဆန်ကုန်မြေလေးအတွက် ကိုယ့်ဝိညာဉ်အစိတ်အပိုင်းကို စတေးရတာမတန်တာ

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now