Chapter - 21

91 11 0
                                    

Unicode

"လီရန် !! ဘယ်ကပြန်လာတာလဲ မင်းမနေ့ညကချင်းဟန်ဆီမလာဘူးလို့ကြားတယ်"

"တစ်နေရာရာက"

"မင်း....တစ်နေရာရာကိုတော့သိတာပေါ့ကွာ၊မဟုတ်မှ မင်း..... "

ကျိုးလော့စန်းက မသင်္ကာသလိုကြည့်လာသည်။

"ဘာလဲ"

"မင်း ရည်းစားများရနေတာလား"

ရှင်းလီရန် စိတ်လေစွာကြည့်လိုက်ပြီး ဆိုဖာပေါ်သို့သွားထိုင်လိုက်သည်။

"ဟင်း......ဒီမှာကြည့်လိုက်"

Laptop ကို stick ထိုးလိုက်ပြီး ကျိုးလော့စန်းကို ‌အရင်နေ့ကမှောင်ခိုကူးသည့့်ဟာကိုရိုက်ထားသည့် video ကိုပြလိုက်သည်။

"ယုတ်မာလိုက်ကြတာ"

"ငါGPS တပ်လိုက်တယ်။မင်းသွားဖို့လိုတယ်"

"ရတယ် ငါသွားလိုက်မယ်၊သက်သေတွေပြီးပြည့်စုံရင် ဖြုတ်ချလို့ရပြီ"

"အင်း ငါက ဒီတစ်ခေါက်ကျင်းပမယ့် National party ကိုသွားမယ်"

"အေး ဂရုစိုက်"

"မင်းရောဘဲ"
.......
"ရှင်းချင်းဟန် !! "

ရှင်းလီရန်ဟာ အော်လိုက်တာကြောင့် ချင်းဟန်ကလန့်ကာ

"ကိုကို!!"

"ကျိုးလော့စန်း ဒီကောင်.."

"ကိုကို အကိုကျိုးက ဘာမှမပြောပါဘူး၊သားဘာသားဆုံးဖြတ်တာပါ။ကိုကိုက Hဆိုတာသားသိတယ်။သတင်းထဲမှာမြင်နေရတာ ပုံစံကကိုကိုဆိုတာသိသာတယ်။ပြီးတော့ဟိုနေ့က ကိုကို အကိုကျိုးနဲ့ပြောနေတာကိုကြားလိုက်တာ"

ရှင်းချင်းဟန်က တရားဖွင့်စိုရင် တရားလိုအဖြစ် ဖြစ်ပျက်သမျှကိုပြန်ပြောမည်ဖြစ်ကြောင်း ပြောဆိုလာသည်။ရှင်းလီရန်ကလက်မခံချင်၊ချင်းဟန်ကို နာကျင်စေမှာစိုးလို့ဖြစ်သည်။

"နော် ကိုကို သားဘာမှမဖြစ်တော့ဘာဘူး၊ကိုကိုရော အကိုကျိုးရောရှိတယ်‌ကို၊နော် ...ပြီးတော့ ကိုကိုခုချိန်ထိများကြီးပင်ပန်းနေခဲ့တာ၊သားတတ်နိုင်သမျှကူချင်တယ်"

"အင်းပါ လာပါအုန်း ကိုကိုစီ"

ရှင်းလီရန်က ချင်းဟန်ကိုဖက်လိုက်သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now