Chapter - 9

143 20 0
                                    

Unicode

ထို့နောက် Akiraလည်းနဂါးဖြူကို space ထဲတွင်ထည့်ကာitsukiကြောင့် ဈေးတန်းသို့ရောက်လာတော့သည်။

Akira kunကော စားအုံးမလား
Itsuki ဟာ ပန်းသီးသကြားလုံး နှစ်ချောင်းကိုကိုင်ကာ Akiraကိုမေးမြန်းလာသည်။

ဟင့်အင်း

ထို့နောက် Itsuki သည် လေလံရုံတွင် မည်သို့သောအရာများဟာစိတ်ဝင်စားဖ်ို့ကောင်းကြောင်း၊နဂါးဖြူက‌ေကြာက်ဖို့‌ေကာင်း‌ေကြာင်းသို့‌ေပမဲ့နဂါးဖြူကိုရသွားတာမိုက်ကြောင်း၊ဒီနေ့အပြင်ထွက်ရတာပျော်ဖို့ကောင်းကြောင်း မပြီးဆုံးနိုင်အောင်ပြောတော့သည်။

Akira ဟာလည်း အင်း ‌တစ်လုံးဆောင်ကာ သူပြောသမျှ ခေါင်းညိတ်နေရသည်။

Itsukiဟာစကားကိုမရပ်မနားပြောနေ‌တုန်းမှာပင် Akira တစ်ခုခုမှားယွင်းနေကြောင်းသိလိုက်ရသည်။

ဘေးပတ်ဝန်းကျင်ဟာတစ်စတစ်စ တိတ်ဆိတ်လာပြီး ဘေးမှပန်းသီးသကြားလုံးသည်လည်းမရှိတော့ပေ။

Akira ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ချိန်မှာ လူသူတစ်ယောက်မျှမရှိတော့ပေ။ယခင်တုန်းကဆူညံပြီးလူများစွာပြည့်ညက်နေသောဈေးတန်းဟာ အချိန်တိုတွန်း ချောက်ကပ်သွားသည်။

Itsuki မင်းဓားကိုထုပ်လိုက်။

ဗျာ။ Itsuki ဟာနားမလည်နိုင်‌ဖြစ်သွားပြီးနောက်ပတ်ဝန်းကျင်ကိုသတိထားမိသွားကာ Akiraပြောသည့်အတိုင်းသူ့၏လက်ဆွဲဓားကိုထုပ်လိုက်တော့သည်။

လေပွေတစ်ချက်တိုက်ခတ်လာကာ ဆူးရှသော အလင်းတစ်ခုပေါ်ပေါက်လာသည်။

ထိုအလင်းသည် ဓား၏အလင်းပြန်မှုကြောင့်ဖြစ်ပေါ်လာသော အလင်းပေ။

ချွမ်

Akiraသည် သူ့၏ နဂါးဖြူကိုထည့်ထားသည့် အိတ်(တရုတ်သိုင်းကားတွေမှာပါတယ်လေကြိုက်တာထည့်လို့ရတယ် spaceအသေးစားလိုဘဲ)ဆီသို့ဦးတည်လာသော ဓားတစ်ချောင်းကိုတန်ပြန်၍ တိုက်ခိုက်လိုက်သည်။

Akira သည် သူ့ကိုတိုက်ခိုက်သောလူနှင့် အခြား ယောင်္ကျားလေးယောက်ကိုမြင်လိုက်ရသည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now