Chapter - 4

275 27 0
                                    

Unicode

**စားသောက်ဆိုင်ကိုသွားပြီး ဒီတံဆိပ်ပြားကိုပြလိုက်။အဲ့မှာတွေ့တဲ့လူကိုဒီဘူးပေးလိုက်။ဒီမှာငွေသား။သူတောင်းသလောက်ပေးလိုက်။

ဟုတ်ကဲ့ပါ သခင်...

[Host ဒီလိုကအဆင်ပြေပါ့မလား]

လူတွေက ပုံပြင်တွေ မဖြစ်နိုင်တာတွေဆို သဘောကျကျတယ်။ခုချိန်သူတို့မယုံတောင် သူတို့မသိစိတ်ထဲစွဲသွားလိမ့်မယ်။

Akiraသည် Haruကို**စားသောက်
ဆိုင်မှတစ်ဆင့်Oyimaပြဇာတ်ရုံသို့ ပြဇာတ်လုပ်ခိုင်းခြင်းဖြစ်သည်။

Oyimaလုပ်ငန်းစု၊ထိုလုပ်ငန်းစု၏အဓိကလုပ်ငန်းမှာ ပြဇာတ်ဖြစ်ပြီး အခြားလုပ်ငန်းအများအပြားလည်းရှိသည်။ သတင်းစာတိုက်၊ပုံနှိပ်တိုက်၊လမ်းဘေးပုံပြင်ပြောဆရာတွေအပြင် အလောင်းကစားရုံ နှင့် ဆောင်ကြာမြိုင် လုပ်ငန်းတွေလည်းရှိသည်။

Oyimaလုပ်ငန်းစုဟာ နောက်ကွယ်ကလုပ်ဆောင်သည့် လုပ်ငန်းဖြစ်ပြီး အာဏာရှိသည့် အထက်တန်းစားများထဲမှ ခေါင်တွေသာ သိကြသည်။

ထိုလုပ်ငန်းစုဟာ သတင်းမီဒီယာတစ်ခုလိုပင်။အရေးကြီးသည့်သတင်းအချက်အလက်များကိုဝယ်ယူနိုင်ပြီးသတင်းတစ်ခုကိုပေါက်ကြားအောင်လည်းပြုလုပ်လို့ရသည်။

Oyima လုပ်ငန်းစုနှင့် ဆက်သွယ်ချင်လျှင် ထိုလုပ်ငန်းစု၏ လက်အောက်တွင်ရှိသော လုပ်ငန်းမှတစ်ဆင့်ဆက်သွယ်နိုင်သည်။ချွင်းချက်အနေဖြင့် Oyima လုပ်ငန်း၏ အမှတ်တံဆိပ်ဖြင့်သာဆက်သွယ်နိုင်သည်။

ဒီဟာက အထောက်အကူပြုလိမ့်မည်။
............
မကောင်းဆိုးဝါးလေးဟာ သူ့ချစ်သူကို ကာကွယ်ရင်း သေဆုံးသွားခဲ့တယ်။

ပုံပြင်ဆရာရဲ့စကားဆုံးသည်နှင့် နားထောင်နေကြ‌ေသာကလေးများသည် " သနားစရာလေး" ၊ "မကောင်းဆိုးဝါးမလေးသေတော့သူ့ချစ်သူကကော"

သူ့ချစ်သူကတော့ မကောင်းဆိုးဝါးမလေးနဲ့အတူနေခဲ့တဲ့ အိမ်လေးမှာဘဲ သက်တစ်လုံးနေသွားရှာတယ်။

အိုး နှစ်ယောက်လုံးက သနားစရာလေး။

ဟုတ်တာပေါ့

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now