Chapter - 12

112 16 0
                                    

Unicode

မကောင်းဆိုးဝါးဘုရင်သည် ဇန့်လက်ကိုညင်သာစွာဆွဲလာသည်။

ဘာကြောင့်လက်ကိုဆွဲမဖြုတ်မိလဲဇန်မသိပေ။စဉ်းလည်းမစဉ်းစားခဲ့။သေချာသည်မှာ

ဤကြီးမားသော လက်တစ်စုံသည် နွေးထွေးပါ၏။စောင်းသံသကဲ့တည်ငြိမ်သောအသံသည် စိတ်ကိုကြည်လင်စေ၏။နူးညံသော အပြုံးတစ်ခုသည် ရင်ကိုအေးချမ်းစေ၏။

မကောင်းဆိုးဝါးဘုရင်သည် ဇန့်ကိုဆွဲခေါ်ကာ ရှေ့တွင်ပေါ်လာသော ဝင်ပေါက်တစ်ခုထဲသို့ဝင်သွားသည်။

ဝင်ပေါက်ထဲဝင်လိုက်သည်နှင့် ပန်းရနံသင်းသင်းရသည်။သို့ပေမဲ့ ထိုပန်းရနံနှင့် မလိုက်ဖက်စွာ လူအရိုးခေါင်းများနှင့် သွေးခြောက်သွေးကွက်များရှိနေပေသည်။ လူတစ်‌ယောက်သွားရာနေရာမှလွဲ ဘေးပတ်လည်က လူရိုးများပြည့်ညက်နေသည်။

အဆင်ပြေရဲ့လား ကောင်လေး

ဘာကိုလဲ

အောက်မှာ ညစ်ပတ်နေလို့

အာ အဆင်ပြေပါတယ်။

ခနအကြာ ဂူတစ်ခုကိုမြင်ရပြီး ထိုဂူထဲကိုဝင်လိုက်သည်နှင့်ဂူနံရံ‌တစ်လျှောက် သလင်းကျောက်များနှင့် ဘေးဘက်တွင် ပန်းပေါင်းစုံကိုမြင်တွေ့ရသည်။

ဂူ၏ တစ်နေရာအရောက် သလင်းကျောက်တစ်ခုကိုတွေ့ရသည်။ ထိုကျောက်သည် ခရမ်းပြာရောင်ရှိပြီးလင်းလက်တောက်ပနေကာ ကျောက်တုံးတစ်ခုပေါ်တွင် တည်ရှိသည်။ ထိုကျောက်တုံးနှင့် သလင်းကျောက်သည် ထိစက်ခြင်းမရှိပေ။

[အမျိုးအစား - သလင်းကျောက်အရင်းအမြစ်]
[အမည် - Betxi]
[ အသုံးဝင်ပုံ - စိတ်စွမ်းအင်များကိုထိန်းညှိပေးနိုင် သို့ ပို၍သန်မာစေသည်။]
[သက်တမ်း - 100000 ခန့်]

ကောင်လေး ဒီဟာကိုသိတယ်မလား

အင်း

ဇန်သည် Betix အနီးသို့သွားကာကြည့်လိုက်သည်။ ဒါ Betix ဆိုတာ သေချာပါတယ်။

ဒီလိုဟာက ဒီကမ္ဘာမှာရှိနေမယ်မထင်ထားဘူး။ သလင်းကျောက်အရင်းအမြစ်သည် ရှားပါးဆုံး ကျောက်အမျိုးအစားဖြစ်ပြီး စိတ်စွမ်းအင်များပါရှိသောကျောက်ဖြစ်သည်။သက်တမ်းကြာမြင့်လေ ပိုစွမ်းအားကောင်းလေးဖြစ်ပြီး ဇန့်၏ စိတ်ဖောက်ပြန်ရောဂါကိုထိန်းညှိပေးနိုင်လိမ့်မည်။ Betix သည် ပိုင်ရှင်မှလွဲ မည်သူကိုမှအထိခံမည်မဟုတ် ။ သူသည် သူ့ပိုင်ဆိုင်သူကို သူကိုယ်တိုင်သာ သက်မှတ်သည်။ အဘယ်လိုကြောင့် မကောင်းဆိုးဝါးဘုရင်က ရှာတွေ့သွားရသနည်း။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now