Chapter - 27

65 9 2
                                    

Unicode

"မရည်ရွယ်ပေမဲ့ ခွင့်မလွှတ်နိုင်ဘူး"

"ဒိုင်း...ဒိုင်း"

ကျည်ဆံနှစ်ခုသည် ကုန်းကျမ်းမော့နှင့် ကုန်းကျမ်းရုံတို့ကိုချည်နှောင်ထားသော ကြိုးများကိုဖြတ်‌ကာ ညာဘက်လက်မောင်းသို့ထိမှန်သွား၏။

"အားး"

ကုန်းကျမ်းမော့တို့က နာကျင်စွာအော်လိုက်ကြပြီး လက်မောင်းကိုအုပ်ကိုင်ထားလိုက်သည်။

"လီရန်...ငါတို့အရှက်မရှိမှန်းလည်းသိပေမဲ့ တောင်းဆိုချင်တာတစ်ခုရှိတယ်"

ကျမ်းမော့နဲ့ကျမ်းရုံက ခုံပေါ်မှဆင်းပြီး လီရန်ရှေ့ဒူးထောက်လိုက်ကြတော့သည်။

"ကလေးနဲ့ နောက်ဆုံးတစ်ခေါက်တွေ့ခွင့်ပေးပါ"

ကျမ်းမော့ကပြောဆိုပြီး ခေါင်းငုံလိုက်ပြီး ကျမ်းရုံကလည်း

"တောင်းဆိုပါတယ် အကိုလီရန်"

"...."

[နောက်ဆုံးတစ်ခေါက်တော့ တွေ့ပေးလိုက်သင့်တယ်ထင်တယ် host]

'ရှင်းချင်းဟန်က ပျော်မှာလား'

[သေချာတာပေါ့ ချင်းဟန်ကကြိမ်းသေပျော်လိမ့်မှာပါ၊တောင်းပန်ခွင့်ပေးလိုက်ပါ]

ဝမ်ဝမ်စကားကိုနားထောင်ပြီး ရှင်းလီရန်က

"ချင်းဟန်ကိုမေးကြည့်အုံးမယ်"
..........

"ချင်းဟန် မလုပ်ချင်ရင်‌ ကိုယ်ကိုကိုယ်တွန်းအားမပေးပါနဲ့"

"မဟုတ်ဘူး ကိုကို ချင်းဟန်တွေ့ချင်တယ်"

ဆေးရုံခန်းလေး၌ ရှင်းလီရန်က ရှင်းချင်းဟန်ကို ကုန်းညီကိုတွေနဲ့တွေ့မလားဟုမေးမြန်းတော့ ချင်းဟန်လေးက မဆိုင်းမတွတွေ့မည်ဟုအဖြေပေးလာခဲ့သည်။ဘေးနားတွင်ရှိနေသော ကျိုးလော့စန်းမှာလည်း ထိုအကြောင်းကြားကာ စိတ်ပူနေသည်မှာ မျက်နှာပေါ်တွင်အတိုင်းသားမြင်နေရသည်။

"ကိုယ်စိတ်ပူတယ် ချင်းဟန်လေး"

"ဘာမှမဖြစ်ပါဘူး အကိုကျိုးရဲ့ ချင်းဟန်အဆင်ပြေပါတယ်"

ချင်းဟန်က ချစ်ဖို့ကောင်းစွာရယ်ပြပြီး သူ့လက်လေးတွေကို ရှင်းလီရန်နှင့် ကျိုးလော့စန်း၏လက်တွေပေါ်ထပ်လိုက်သည်။ခါးထိရှည်သော ရွှေအိုရောင်ဆံနွယ်လေးများကို နှစ်ဖက်ခွဲကာ ဆံကျစ်မြှီးကျစ်ထားသောကြောင့် မျက်နှာလေးမှာ ပိုပေါ်ကာရှင်းသန့်နေ၏။ပါးရဲရဲလေးများမှာလည်း ထိလိုက်ရုံဖြင့် ကြွေကျ‌တော့မယောင်ဖြင့် ဖောင်းဖောင်းလေးဖြစ်နေတော့သည်။
"ဟူး ကောင်းပြီ။သူတို့ကိုမမြင်ြင်ချင်ရင် ကိုယ့်ကိုချက်ချင်းပြောရမယ်နော်၊လာပါအုံး စိတ်မချဘူး ကိုယ် ဖက်ထားမယ်"

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now