Chapter - 17

103 13 0
                                    

Unicode

ညအချိန်တွင်ဖြစ်သည်။
လေဆာများဖြင့် ပြည့်နက်ကာ စည်းချထားသောနေရာတွင် လူ‌တစ်ယောက်သည် ခုန်ပြန်ကျော်လွှားကာ ထိုလေဆာများကိုဖြတ်သွားသည်။သူ၏ ဖြတ်ကျော်သွားပုံမှာ ပေါ့ပါးသောငှက်တစ်ကောင်ကဲ့သို့ပင် ပျော့သော အရိုးများကိုအသုံးပြု၍ ဖြတ်သွားသည်။
တံခါးများမှာအကုန်‌ပိတ်လျက်သားဖြစ်နေသော်လည်း ထိုသူလာသည်နှင့် အလိုအလျောက်ဖွင့်ကာ ပြန်ပိတ်သွားသည်။

ထိုဧရိယာရှိ အချက်ပေးစနစ်များမှာ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ ငြိမ်သက်နေသည်။

ဖောက်ထွင်းသူ...ဖောက်ထွင်း..အားး

ဒိုင်းး ဒိုင်းး ဒိုင်းး

ပစ်စတိုတစ်လက်ဖြင့် ရောက်လာသောသူများကို ပစ်ခတ်သည်မှာ တစ်ချက်မှမတွန့်.။ တစ်ဖက်မှလည်း လက်နက်များဖြင့် ဝင်ရောက်လာသော်လည်း ထိုသူ့ကို တစ်ချက်မှမထိ... နောက်မှတိုက်ခိုက်လာသူကို စိတ်ဝိဉာဉ်စွမ်းအားဖြင့် လည်ပင်းကိုညစ်လိုက်သော် ပန်းထွက်လာသော သွေးများသည် အကျီတစ်ခုလုံးကို ပေသွားသည်။

ကျစ်.....
ရှင်းလီရန်ကို တိုက်ခိုက်သူများသည် မကောင်းမှုများကိုပြုလုပ်သော ဂိုဏ်းသားများပင်ဖြစ်သည်။ ဒီနေရာသည် သူ့ပစ်မှတ်၏ဂိုဏ်းနေရာဖြစ်သည်။

ဒေါက် ...ဒေါက်..ဒေါက်..
သွေးများဖြင့်ဖုံးလွှမ်းနေသော တမန်တလင်းပေါ်တွင် စည်းချက်ချချလမ်းလျှောက်လာသောအသံထွက်ပေါ်လာသည်။

Hello လူကြီးမင်းခင်ဗျာ့

မင်း မင်းမင်း ဘယ်လိုရောက်လာတာလဲ

ပစ်တိုထဲ ကျည်များကိုထည့်ကာ
ဟင်း ... ခင်ဗျားရဲ့ လူတွေကကျွန်တော်ထင်ထားတာထက် တိုက်ခိုက်ရည် ဆုတ်ပျက်သတ်နေတာဘဲ...

ထိုစကားကြောင့် ဟိုလူကြီးမျက်နှာမှာ သွေးမရှိတော့သိလိုဖြူဖျော့သွားသည်။သူသိလိုက်သည်။သူ့၏လက်အောက်ငယ်သားများအားလုံးသေသွားသည်ကို

မင်း ဘာလိုချင်လို့လဲ

အို ခင်ဗျားကျုပ်ကိုမသိတာတော့မဟုတ်ပါဘူးနော်

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now