Chapter - 20

99 15 0
                                    

Unicode

ကျစ် ခင်ဗျား ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ

ကိုယ့်အိမ်

အခုပြန်မယ်

ကောင်လေး

ရှင်းလီရန်တစ်ယောက် လီမော့ကျန့်၏‌မေ့‌ဆေးဖြင့်ခေါ်ဆောင်လာမှုကြောင့် အလွန်ဒေါသထွက်နေရသည်။နှစ်ကမ္ဘာရှိပြီ ခုလိုခေါ်ခေါ်လာခံရတာ။
အခန်းတံခါးကိုဖွင့်သော်လည်း သော့ကပိတ်ထားသည်။

ကျစ် ခင်ဗျား ခုဖွင့်

အရင် ထမင်းစားပါအုန်း

လီမော့ကျန့်ကလက်ထဲမှဗန်းကိုချကာ သူ့လက်ကိုဆွဲကိုင်လာသည်။

လွှတ်

ရုန်းလိုက်ကာ လီမော့ကျန့်၏အကျီီကော်လံကိုကိုင်ဆွဲလိုက်ပြီး

ကျုပ်ကိုလာနောက်မနေနဲ့ ခင်ဗျားဘာလိုချင်လို့ကျုပ်ကိုဖမ်းထားတာလဲ

ဖမ်းထားတာမဟုတ်ပါဘူး...ဖွက်ထားတာပါ
နောက်ကစကားကိုလီမော့ကျန့်မပြောလိုက်

ဘာ!!
သွေးတက်ပြီးအန်တောင်အန်ချင်လာပြီ ရှင်းလီရန်စိတ်ထဲမှတွေးလိုက်သည်။

လိုရင်းပြော ခင်ဗျား

အရင်ဆုံးနားလိုက်အုန်း

ဇန်စိတ်ပေါက်လာကာ လီမော့ကျန့်ကိုထိုးချလိုက်တော့သည်။

အာ့ လီရန်

[Host လွန်မယ်နော်]

အခုချက်ချင်း တံခါးဖွင့် မဟုတ်ရင် ကျွန်တော်ခင်ဗျားကိုသတ်ပစ်မယ်

ကိုယ်ဘယ်တော့မှဖွင့်ပေးမှာမဟုတ်ဘူး

လာနောက်နေတာလားဒီလူ!!
ထို့နောက် ရှင်းလီရန်ကထိုးလိုက် လီမော့ကျန့်ကရှောင်လိုက်ဖြင့် နှစ်ယောက်သား အိပ်ယာပေါ်သို့ရောက်သွားကြသည်။

ဥပဒေနဲ့ ဖြေရှင်းလို့ရတယ် လီရန်

လီမော့ကျန့်အား ထပ်ထိုးတော့မယ့် ဇန်က ထိုစကားကြောင့်ရပ်တန့်သွားသည်။

အဲ့အမှုတွက်ကိုယ်လိုက်ပေးမယ်

ခင်ဗျား ဘယ်ထိသိထားတာလဲ

အခုလုပ်နေတာတွေရပ်လိုက်တော့

မဟုတ်ရင် ကောင်လေး ဒီတွက်သေဒဏ်ကျနိုင်တယ်။
ကျုပ်သိတယ် ခင်ဗျား ဘာမှဝင်မပါနဲ့ ဥပဒေ?? အဲ့သောက်ဥ‌ပဒေက သူတို့ကိုဘာမှထိခိုက်‌အောင်လုပ်နိုင်မှာလဲ

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now