Chapter - 14

140 19 0
                                    

Unicode

Itsuki!!!!!

Masaki(itsukiခေါ်လာသောကောင်လေး)ကitsukiကို‌မိစ္ဆာနှိမ်နှင်းသူတစ်‌‌ယောက်ကနောက်မှဓားဖြင့် ထိုးဟန်ပြင်နေသည်ကိုမြင်၍ ကာလိုက်ရာ သူ၏ကျောနောက်မှ‌ဖောက်ထွက်သည်အထိထိုးခံလိုက်ရသည်။

Masaki!!

ခင်ဗျား ဘာလို့သတိမထားတာဘဲဗျာ

ဟင့်အင်း စကားမပြောနဲ့ ဆေးကုရမယ်..

ရှူး ကျွန်တော်ရတော့မယ်မထင်ဘူး ...

သူ့ကိုထိုးလိုက်သောဓားသည် မိစ္ဆာများ၊‌မ‌ကောင်းဆိုးဝါးများကိုသေစေနိုင်သော မန္တာန်ဖြင့်အစီရင်ထားသောဓားဖြစ်ပြီး နှလုံးကိုထိုးဖောက်သွားတော့ကြောင့် အသက်ဆက်ရှင်ဖို့ရာမဖြစ်နိုင်တော့ပေ။

နောက်ဆုံးအနေနဲ့ပြောခဲ့ချင်တယ် ဟွတ်..
အကိုနဲ့အတူ ငြိမ်းချမ်းနေတဲ့ကမ္ဘာကြီးကိုလှည့်ပတ်မကြည့်နိုင်တော့လို့ တောင်းပန်ပါတယ်...

မဟုတ်ဘူး ဟင့်အင်း

Itsuki သည် မျက်ရည်များချမိကာ ဘာကိုမှမတွေးနိုင်တော့

ပြီးတော့ ချစ်တယ်
Masakiဟာပြောပြီးချင်း မျက်လုံးများမှိတ်ကျကာ itsuki ကိုဖက်ထားရသည့်
လက်များလည်းပြေလျော့သွားသည်။

ဒီကိစ္စတွေအကုန်လုံး‌ပြီးသွားရင်အကိုဘာလုပ်ချင်လဲ
ငြိမ်းချမ်းနေတဲ့ကမ္ဘာကြီးကိုလှည့်ပတ်ကြည့်ချင်တယ်
ဒါဆို ကျွန်တော်ကအကိုနောက်လိုက်ပြီး အကိုနဲ့အတူ ဒီကမ္ဘာကြီးဘယ်လောက်လှပလဲလေ့လာချင်တယ်......

ရင်မှာပွင့်သော မေတ္တာပန်းအား
ပိုင်ရှင်ဆီသို့ ပေးအပ်ချင်ပါသည်။
ဤကမ္ဘာ၌တစ်ဦးတည်းသောရှိသော အကိုနှင့်အတူ ကမ္ဘာတစ်ဆုံးသွားချင်ပါသည်။

ကျွန်တော့်ဘဝထဲဝင်ရောက်လာသော အလင်းပိုင်ရှင်အား ယခုတွင်တော့ နှုတ်ဆက်ခဲ့ရပြီ။အကို.....ခင်ဗျားဖြစ်ချင်တဲ့လူသားတစ်ယောက်ဖြစ်လာပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးမှာပျော်အောင်နေနိုင်ပါစေဟုဆုတောင်းပေးရင်းဖြင့်နှုတ်ဆက်ခဲ့ရပါသည်.......

Masaki!! မဟုတ် ဟင့်အင်းး

Itsukiသည်masakiကိုယ််ကို ထိန်းထားရင်း မြေပြင်ပေါ်သို့နေရာတကျချပေးမိသည်

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now