Chapter - 5

230 27 0
                                    

Unicode

လပြည့်နေ့ဖြစ်သည့်အလျောက် ‌လရောင်ဟာ အခြားနေ့များထက်ပိုမိုတောက်ပနေပြီး ထိုလရောင်အောက်၌ sakuraပန်းများလှပစွာဖူး‌ပွင့်နေကြသည်။

ဝါကျင်ကျင်လမ်းမီးရောင်များနှင့် ပွဲတန်းဈေးဆိုင်များကြား လူအမြားအပြားစည်ကားနေလေသည်။

နွေဦး၏လေပြေလေညင်းများတိုက်ခတ်သောအခါဝယ် တည်းခိုခန်းပြတင်းပေါက်နားတွင် ထိုင်နေသောလူငယ်၏ ငွေရောင်ဆံနွယ်များ တလွှင့်လွှင့် လွှင့်မျောရသည်။

ဗုံးသံဆိုင်းသံများ ထွက်ပေါ်လာချေပြီ။ဒီနှစ်နွေဦးပွဲတော်၏ပြဇာတ်စတင်လေသည်။

အို...ဇာတ်ပွဲစတော့မယ် သွားရအောင်

လူအများဟာ ပြဇာတ်၏ရှေ့တွင် နေရာယူကြလေပြီ။အချိန်တစ်ခဏအကြာတွင် ဇာတ်ပွဲဟာလည်းစတင်လေသည်။

လှပတဲ့မိန်းမပျိုလေးဟာစတင်ထွက်လာပြီးပြဇာတ်ကတော့သည်။
ရှေ့မြောက်ဘက်တောမှာ နေတဲ့မကောင်းဆိုးဝါးမလေးတစ်ကောင်က အစာရှာထွက်ရင်း နှိမ်နင်းသူတစ်ယောက်ကိုတွေ့သွားကာချစ်မိသွားခဲ့တယ်။အဲ့ဒီနှိမ်နင်းသူနောက်ကိုတစ်ကောက်ကောက်လိုက်ရင်းနှိမ်နင်းသူအန္တရာယ်ဖြစ်ချိန်တွင်ကာကွယ်ပေးခဲ့တယ်။နှိမ်နင်းသူဟာ မကောင်းဆိုးဝါးမလေးကိုသတ်မလိုဖြစ်ခဲ့တယ်။ဒါပေမဲ့ သူမသူ့ကိုကယ်ခဲ့သောကြောင့် လွတ်ထားပေးခဲ့တယ်။နောက်ပိုင်းတွင် နှိမ်နင်းသူဟာမကောင်းဆိုးဝါးမလေးကိုပြန်ချစ်မိသွားခဲ့တယ်။အဲ့တာကြောင့် အဖွဲ့အစည်းကထွက်ကာမကောင်းဆိုးဝါးမလေးနှင့်အတူတူနေခဲ့ကြတယ်။သို့သော် ကံတကားကရက်စကါလွန်းပါဘိ။အဖွဲ့အစည်းကသတင်းရသွားကာ သူတို့နှစ်ယောက်လုံးကိုသတ်ပစ်ခဲ့ကြတယ်။

ပြဇာတ်ပြီးဆုံးချိန်တွင် ကြည့်ရှုနေကြသေည ပရိသတ်များသည် မျက်ရည်တစ်စမ်းစမ်းဖြင့်။

ဝမ်ဝမ် မင်းဘယ်လိုတောင်ရေးခဲ့တာလဲ အဲ့ဒီပုံပြင်ကို....

Akiraသည် ဤပုံပြင်ကိုပြဇာတ်ကခိုင်းသူဆိုပေမဲ့ ပုံပြင်ကြောင်းတစ်စက်မှမသိပေ။အဘယ်ကြောင့်ဆိုသော် ဝမ်ဝမ်ကိုသာရေးခိုင်းလိုက်သောကြောင့်ဖြစ်သည်။ရေးပြီးချင်းချင်းတွင်လည်း Haruကိုတန်းပေးလိုက်သောကြောင့် ဖတ်ကိုမကြည့်ခဲ့ရပေ။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now