Chapter - 31(Arc3)

94 6 0
                                    

Unicode

အမှောင်ထုကြီးဆိုးတဲ့နယ်မြေတစ်ခု၊ပင်လယ်သေတို့ရှိရာ‌ထိုနေရာ၊ကျောက်ဆောင်တစ်ခုတွင် အဖြူရောင်ဝတ်ရုံကိုလွှမ်းခြုံလျက် အမျိုးသားတစ်ယောက်။

"ဇန်...."

စောင်းတီးခတ်နေတာရပ်လိုက်ပြီး ခေါ်ဆိုလိုက်တဲ့နာမည်တစ်ခု၊အဲ့နာမည်ပိုင်ရှင်သာကြားရင် ကော့ညွတ်နေတဲ့‌မျက်‌တောင်တွေအကြားရှိတဲ့ မျက်ဝန်းသေတွေနဲ့သူ့ကိုလှန်ကြည့်မှာသေချာတယ်။
....
Place-Space

[ရန်ဟွာအရှင်ကလေ..တစ်ခု လာပို့ထားတယ်...ဖတ်ကြည့်ချင်လား]

"ဘာလဲ"

ကြောက်ကြောက်လန့်လန့်နဲ့လက်ကိုဖြစ်ညစ်ကာပြောလာတဲ့ ဝမ်ဝမ်ကြောင့် ဇန်မေးလိုက်သည်။

[ဒီဟာ]

ဝမ်ဝမ်က သူ့ကို Screen မျက်နှာပြင်တစ်ခုထုတ်ပြလာတယ်။အဲ့မှာပါတာက

'....'
ဇန်‌ပါးစပ်ကတင်မဟုတ်စိတ်ထဲကပါဘာမှမတွေးနိုင်တော့ပေ။

[ဇာတ်ကောင်နဲ့အညီသရုပ်ဆောင်ရမှာ ဖြစ်ပါ့မလားဟင်၊မလုပ်ရင် Host လူရဲ့ဝိညာဉ်ကိုကမ္ဘာတွေထဲဝင်လို့မရအောင်လိုက်ပိတ်မယ်ဆိုတော့....]

'Hostလူ?'
"ဟမ်းး...လုပ်ရုံပေါ့"

[Really?(⁠・⁠o⁠・⁠;⁠)]

အံ့ဩ‌သင့်ပြီး ပါးစပ်မပိတ်နိုင်တဲ့ ပုံလုပ်ကြလာတဲ့ ဝမ်ဝမ်ကြောင့် သူလှမ်းကြည့်ကာပြောလိုက်သည်။

"ပြဿနာရှိလား"

[ဟင့်အင်းಥ⁠‿⁠ಥ]

'ရန်ဟွာအရှင် သူ့ပြဿနာတောင်သူမပြီးသေးဘဲနဲ့ ကိစ္စတွေထဲဝင်ပါလွန်းတယ်'

ရန်ဟွာအရှင်က အရင်ကတည်းက ဇန့်ကိုဇာတ်ကောင်အတိုင်းကစားစေချင်သော်လည်း ဇန်ကဂရုမစိုက်စွာ မိမိကြိုက်သလိုပါဝင်ခဲ့သည်။ရန်ဟွာအရှင်လဲ ဇန့်ကိုမနိုင်ကာ မပြောဘဲထားတာခဲ့သည်။

'ယခုနိုင်ကွက်တွေ့တော့ပြန်ဖိချင်တယ်ပေါ့'

['အိ ကြောက်စရာကြီး levelတူလူတွေသွားတွေ့ရင် သိပ်ကြောက်ဖို့ကောင်းတာဘဲ။အရှင်က ကြည့်တော့သာ နုနုညံညံလေး။သူ့အင်အားကHostထက်မသာရင်တောင် မလျော့ဘူးဗျာ့']
- - - ಥ⁠‿⁠ಥ

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now