Chapter - 18

105 14 0
                                    

Unicode

ချင်းဟန် ချင်းဟန် ဒီမှာကြည့်မင်းရဲ့ကိုကိုလေ ကိုကို့ ကိုမှတ်မိလား..

ကိုကို

အင်း ကိုကိုပါ

ဟင့် ကိုကို....သူတို့..သူတို့တွေ့.

ကျွတ်ကျွတ်ကျွတ် ဘာမှမဖြစ်တော့ဘူးနော် ဘာမှမဖြစ်တော့ဘူး ဒီမှာကိုကိုရှိတယ်နော်

ရှင်းလီရန်မှာ ရှင်းချင်းဟန်ကိုဖက်ကာနှိမ့်သိမ့်ပေးရသည်။

ဟင့်ဟင့်အင်း....ရွတ်..

အားပြည့်အောင်ခနအိပ်လိုက်အုန်းနော်

ဟုတ်

ရှင်းချင်းဟန်သည် မနေ့ညကပြန်သတိရလာခဲ့သည်။ သတိရရချင်းပင် အရင်အကြောင်းများပြန်မှတ်မိကာ ကြောက်လန့်ငိုယိုနေခဲ့သည်။ရှင်းလီရန်လာမှတိတ်သွားခဲ့သည်။ထိုနေ့ညတွင် ရှင်းလီရန်ကချင်းဟန်ရဲ့ဘေးတွင်ထိုင်စောင့်နေခဲ့သည်။

နောက်နေ့တွင်လည်း ချင်းဟန်မှာမည်သူ့ကိုမှအကပ်မခံဘဲ သူ့အကိုအနားသားတွယ်ကပ်နေသည်။ထိုသည်ကိုမြင်တိုင်း မူလကိုယ်၏ဒေါသမှာပေါက်ပွားလာခဲ့သည်။
ကိုကိုသူတို့ကိုကြိမ်းသေပြန်ပေးဆပ်ခိုင်းမှာ...

နှစ်ပတ်လောက်ကြာပြီးတွင် ချင်းဟန်၏အခြေနေကောင်းလာခဲ့သော်လည်း တစ်စိမ်းသူကိုမြင်တိုင်း ဖယ်ရှောင်သွားတတ်သည်။ဆေးရုံရှိ ဆရာဝန်များ၏ဂရုစိုက်မှုကြောင့် စိတ်အခြေနေပြန်ကောင်းလာပုံ‌ရသည်။ ချင်းဟန်တက်သောဆေးရုံသည် ရှင်းလီရန်လက်အောက်တွင်ရှိသော ဆေးရုံဖြစ်သည်။ထို့ကြောင့် ဆရာဝန်များကသိပ်စိတ်ပူစရာမလို။

နောက်တွင် ကျိုးလော့စန်း နှင့်မိတ်ဆက်ပေးခဲ့သည်။ မိတ်ဆက်ပေးစမှာပင် လက်ရဲဆက်ရဲ ကျိူး‌လော့စန်းက ချင်းဟန်ရဲ့ပါးကိုသွားဆွဲကာ လီရန် မင်းညီလေးကသိပ်ချစ်စရာကောင်းတာဘဲ င့ါကိုပေးပါလား ငါယူလိုက်တော့မယ် ဟုပြောဆိုလာသေးသည်။
ချင်းဟန်မှာ ရုတ်တရက်ရောက်လာပြီးပါးကိုဆွဲတာရောပြောသောစကားနှင့် စိမ်းသက်နေတဲ့မျက်နှာကြောင့်ကော ချက်ချင်းပင် ငိုသွားသည်။

ရှင်းလီရန်ကလည်း ကျိုးလော့စန်းကိုတစ်ခါထဲ ပိတ်ကန်ကာ အခန်းအပြင်သို့နှင်ထုတ်ပစ်လိုက်‌တော့သည်။
.....
နှစ်ပတ်ကြာသော်
လေးပတ်အတောအတွင်း H မှာပေါ်မလာသောကြောင့် အစိုးရကအတော်ကိုထိတ်လန့်နေရသည်။လေပြေပြီးရင် မုန်တိုင်းလာမည်ဆိုသည့်စကားရှိသည်မလား။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now