Chapter - 32

56 6 0
                                    

Unicode

ဇန်‌ဇာတ်ကြောင်းဖတ်ပြီး မိမိကိုယ်ကိုကြည့်လိုက်သည်။မှုန်မှိုင်းနေသော ဝတ်ရုံနက်တစ်ခုကိုလွှမ်းခြုံထားပြီး ဝတ်ရုံပေါ်မှာကျဆင်းနေသော ဆံနွယ်တို့က အရောင်မိန်မိန်ဖြင့်ဖုန်တင်နေပုံပေါ်သည်။နှင်းစက်တွေကလဲကျဆင်းကာ ခိုက်ခိုက်တုန်အောင်အေးနေသည့်ရာသီထဲတွင်ဖြစ်သည်။

သူ့၏အချက်အလက်ကိုကြည့်လိုက်တော့ သူက ဗီနိုဗာလယ်လ်ဟုခေါ်သည့် နည်းပညာကဘက်ကကျောင်းသား၊အဓိကဇာတ်ကောင်ကိုဖော်ထုတ်ခဲ့သည့်သူထဲရောက်နေတာဖြစ်သည်။ဇန့်၏ mission က အဓိကဇာတ်ကောင်၏အကြောင်းကိုဖော်ထုတ်ပြီး ဗီနိုဗာနှင့် အဓိကဇာတ်ကောင်ရဲ့အကို၏ဇာတ်ကြောင်းကိုပြောင်းလဲပေးရမှာဖြစ်သည်။

ဇန်မိမိအချက်လက်ကိုဖတ်ပြီး ခန္တကိုယ်ကို အနောက်လှည့်ကာမျက်လုံးများကို မိမိအနောက်တွင်ရှိခဲ့သော အရာစီအကြည့်ပို့လိုက်သည်။အဆင့်မြင့်နိုးရက်3ကောင်ဖြစ်သည်။သာမန်လူသာဆိုမျက်စိတစ်မှိတ်အတွင်း‌အသတ်ခံလိုက်ရပြီးကူးစက်ခံရနိုင်သည့်အခြေအနေတွင်ဖြစ်သည်။

ဗီနိုဗာမျက်ဝန်းသေတွေဖြင့်စူးစိုက်ကြည့်နေသည်ကို နိုးရက်၃ကောင်ကမကြိုက်ပေ။ရုတ်ချည်းတိုက်ခိုက်လာသည်။လက်တံရှည်တွေနှင့်နိုးရက်ကသူ့လက်များကိုလွဲရမ်းလာပြီး နောက်တစ်ကောင်ကပြေးဝင်လာသည်။ကျန်တစ်ကောင်က မှော်ကျိန်စာဖြင့်ပစ်ခတ်သည်။ဗီနိုဗာသူ့လက်မှာချိတ်ထားသော သစ်သီးခြင်းကို အနောက်ကိုပို့ကာ ညာဘက်ကိုမြောက်လိုက်ပြီး အပြာရောင်စွမ်းအင်လှိုင်းကိုပစ်ထုတ်လိုက်သည်။လက်ဖဝါးမှာအပြာရောင်အလင်းတန်းဟာ ရေဝဲသဖွယ်ဝေ့ကာကြီးမားလာပြီး နိုးရက်၃ကောင်လုံးကိုထိခိုက်မိသွားစေသည်။

"ဝေါင်းးးး"

ကျယ်လောင်သောအော်မြည်သံကြီးနှင့်အတူ နိုးရက်တွေကပစ်လဲကုန်၏။ထို့နောက် ဗီနိုဗာက ‌ဂါထာတစ်ခုကိုရွတ်ဆိုလိုက်သည်။

"အယ်လ်လက်မယ်စ်နဲ့စ် ဗစ်တိုရက်စ်"

ဂါထာကိုရွတ်ဆိုကာ နိုးရက်၃ကောင်၏အောက်ခြေမြေပြင်ပေါ်တွင် မှော်စက်ဝိုင်းတစ်ခုထွက်ပေါ်လာ၏။မှော်စက်ဝိုင်းမှအလင်းတန်းများနှင့်အတူ စက်ဝိုင်းပတ်လည်အနားများတွင် သံကြိုးများကထွက်လာကာ ကောင်းကင်ပေါ်သို့တက်သွား၏။ထို့နောက်သံကြိုးများအချင်းချင်းထိစက်သွားသည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now