Chapter - 24

81 11 1
                                    

Unicode

"အမှန်တစ်ကယ်ကို လွမ်းနေခဲ့တာ"

ထိုစကားပြောပြီး အသက်ရူသံကပြင်းသထက်ပြင်းလာတာ‌ကြောင့် ဇန် မနေနိုင်တော့၍ ဖက်ထားခံရခြင်းမှ ဆွဲခွာမိကာ နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ပြီး ထိုသူ့ကိုစိုက်ကြည့်လိုက်သည်။

"ဘာလို့လဲ....."

လည်ပင်းကြောများထောင်ကာ နှဖူးကြောတွေထိထင်းနေသောလူ၏အသံကတည်ကြည်ပြတ်သား၏။သူ ဆွဲခွာလိုက်တာကြောင့် မကျေနပ်ဟန်တူသည်။

တစ်ဖန် သူ့လက်ကို ဆွဲရန်လှမ်းလာသည်။

"အာ့..."

နာကျင်သံထွက်လာပြီး မျက်နှာကငုံကျသွားကာသူ့ကိုလာဆွဲမည့်လက်ကနှာထင်ကိုဖိထားသည်။တစ်ခြားလက်တစ်ဖက်ဖြင့်နောက်ရှိစာကြည့်စားပွဲ၏အစွန်းကိုဖိကိုင်ထားသည်မှာ စားပွဲစွန်းက ကျိုးတော့မယောင်။

အသံတစ်ချက်မှထပ်မထွက်တော့ဘဲ နာကျင်မှုကိုကြိတ်မှိတ်သည်းခံနေသည်။

ဇန် သဘောပေါက်သွားသည်။ထိုသူ စိတ်လွှတ်သည်မှာ သူစိတ်‌ဖောက်သည်နှင့်မတူ။ထိုသူက နာကျင်မှုကြောင့် မခံနိုင်၍ ပေါက်ကွဲကာစိတ်လွှတ်သည့်ပုံစံ။သူကတော့မဟုတ်၊အတွင်းဘက်ရှိကိန်းအောင်းနေသော အမုန်းတစ်ရား၊‌အငြိုးအတေး၊သစ္စဖောက်ခံရမှုတို့ဟာစွဲကပ်ကာ အခြားအကြောင်းတစ်ခုပေါ်သည်နှင့် အသိစိတ်လွှတ်ထွက်သွားခြင်းဖြစ်သည်။ထိုစိတ်လွတ်မှုကြောင့် စိတ်ဝိညာဉ်စွမ်းအားကပါ အသိစိတ်၏ထိန်းချုပ်မှုလွတ်ကာ ပိုဆိုးသွားခြင်းဖြစ်ပြီး ကုသ၍မရနိုင်သောရောဂါဖြစ်သွားသည်။

ဇန်က သူ့လက်ကိုမြောက်ကာ ထိုသူ့မေးဖျားကိုပင့်တင်လိုက်သည်။ ပြန်ပေါ်လာသော မျက်ဝန်းနီများက ဇန့်ကိုယ်ပေါ်၌။နားထင်မှလက်ကလည်း ဇန့်လက်ကိုဆုတ်ကိုင်လာပြီး ဇန့်နားကိုကပ်လာပြန်သည်။

"မြတ်နိုးတယ်"

မည်သည့်ပကာသနမှမပါဘဲ မြတ်နိုးတယ် ဟုဆိုသော စကားတစ်ခွန်း

"ကိုယ်....အရင်ကတည်းက....."

စကားမဆုံးခင် ဇန်က အခြားလက်မှ လက်ညိုးဖြင့် ထိုသူ့နှဖူးကိုထိကပ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများကို လွှဲပြောင်းပေးလိုက်တော့ သူ့ကိုယ်ပေါ်လဲကျလာသောသူ။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now