Chapter - 25

64 8 0
                                    

Unicode

မြို့ပြ၏အဝေး လူသူကင်းမဲ့သော တောအုပ်တစ်ခုတွင်ဖြစ်သည်။ထိုတောအုပ်ထဲရှိ ပျက်စီးနေသော စက်ရုံတစ်ခုတွင် ရေတစ်စက်စက်ကျသံတို့က ကြီးစိုးနေပြီး လူငယ်အရွယ်လူနှစ်ယောက်ဟာ ခုံနှစ်ခုပေါ်တွင်နှောက်ပြန်ကြိုးထုတ်ခံထားရသည်။

ထိုလူနှစ်ယောက်က ခေါင်းငိုက်ကျကာမေ့မျောနေပြီး ရှေ့တွင် သံသေတ္တာတစ်ခုပေါ်၌ ပစ်စတိုတစ်လက်ကို အေးဆေးစွာ အဝတ်ဖြင့်သံရှင်းနေသော ယောင်္ကျားပျိုတစ်ဦးရှိသည်။ထိုယောင်္ကျားပျို၏ ပန်းရောင်ဆံနွယ်တွေဟာ စက်ရုံဟောင်းထဲရှိ မီးချောင်းတစ်ခု၏ အလင်းရောင်အောက် တောက်ပလို့နေပြီး စူးရှတဲ့မျက်ဝန်းပြာတွေဟာ အတွေးထဲနှစ်မျောနေဟန်ရှိသည်။

ရေပုံးထဲတွင် ပိုက်ခေါင်းထဲမှရေဟာ ဖြည်းညင်းစွာကျနေရာမှ တစ်ဖြည်းဖြည်းရေအပြည့်သို့ ရောက်ရှိလာသည်။

ဇန်ကသံသေတ္တာပေါ်တွင် ခြေချိတ်ထိုင်နေရာမှထကာ ဘေးတွင်ချထားသော ရေပုံးကိုဆွဲယူ ထိုလူနှစ်ယောက်ရှေ့တွင် ရပ်လိုက်ပြီး နှစ်ယောက်လုံးအပေါ်မှရေကိုလောင်းချလိုက်သည်။

"အဟွတ်...အဟွတ်..ဟွတ်..."

ကုန်းကျမ်းမော့နဲ့ကုန်းကျမ်းရုံဟာသတိရလာကြကာ ရှေ့ရှိမြင်ကွင်းကိုကြိုးစားကြည့်နေကြသည်။တစ်ဖြည်းဖြည်းပီပင်လာတဲ့မြင်ကွင်းအောက် သူတို့နှစ်ယောက်လုံး အထိန့်တစ်လန့်ဖြစ်သွားကြသည်။

မီးရောင်အောက် နက်ဆွေးနေသော ဝတ်စုံနှင့် ရင်းနှီးသော ပန်းရောင်ဆံပင်တွေ၊အပြာရောင်မျက်ဝန်းတွေက အေးစက်စွာသူတို့ကိုစိုက်ကြည့်နေတယ်။ရှေ့ကလူကမျက်နှာဖုံးကိုချွတ်လိုက်တော့ မြင်လိုက်ရသော မျက်နှာက သူတို့အတွေးတွေကိုပိုသေချာစေသွားခဲ့သည်။

"လီရန် ရှင်းလီရန်.."

ပြိုင်တူထွက်လာတဲ့အသံအဆုံး ရှင်းလီရန်က လက်အိတ်အမဲနှစ်ခုကိုစွတ်လိုက်ရင်း

"အေး...ငါဘဲ"

ကုန်းကျမ်းမော့က

"လီရန် ငါတို့မင်းတို့ကိုတွေ့ချင်နေခဲ့တာ"

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now