Chapter - 33

79 7 0
                                    

Unicode

မြို့စားအိမ်တော်၏ထမင်းစားခန်းတွင်ဖြစ်သည်။အဆင့်မြင့်စားပွဲဝိုင်းအရှည်ကြီး၌ စားဖွယ်အပြည့်ဖြင့် ခင်းကျင်းထားသည်။ထိပ်တွင်ထိုင်နေသော မြို့စားမင်း ခရစ်တိုဘယ် ဟယ်ရစ်တက်စ် ကစားသောက်နေသည်ကို ခဏချကာဆိုလာသည်။

"မင်းတို့အကို ပြန်လာတော့မယ်ကြားတယ်"

အဲလ်လီနိုရာ သူ့ ခရင်းနဲ့ဓားကိုကိုင်ထားသည့်လက်များ တုန်လှုပ်သွားမိသည်။အရိုးထဲစွဲနေသည့် ခံစားချက်ကထွက်ပေါ်လာသည်။

မြို့စားဘေးမှမြို့စားက‌ေတာ် ကယ်လ်ရီယမ်နာက သူမ၏ဆံပင်များကိုသက်လိုက်ကာ စိတ်မကြည်ဖြစ်နေပုံကို ပြုံးဟန်ဆောင်ပြီး

"အို ဒါဆိုရင်တော့ကောင်းတာပေါ့ရှင် ကျွန်မတို့သားအတွက် ပါတီတစ်ခုပြင်ဆင်ဖို့ ကျွန်မတော့စိတ်လှုပ်ရှားနေပြီ"

မြို့စားမင်းက သူ့မိန်းမပြောနေသည်ကိုမတုံပြန်ဘဲ ဘေးမှ သူ့သားငယ်(အယ်မိုရာနို)ကိုကြည့်ကာ

"မင်း‌ရော ဘာတွေလုပ်နေပြီလဲ အင်ပါယာကောလိပ်ကိုဝင်ခွင့်‌ဖြေဖို့ ပြန်ဆင်နေပြီလား...ခုမှော်မျှော်စင်ကနေပြီး ငါ့ကိုတယ်လီပို့နဲ့ပို့တယ်။သူတို့အရည်အချင်းရှိတဲ့ပါရမီရှင်တွေကိုလာရှာတော့မယ်တဲ့ ငါလျှို့ဝှက်သတင်းကြားတာတော့ သူတို့ကထိပ်တန်းမှော်စက်ဝိုင်းကိုရေးဆွဲခဲ့တဲ့သူကိုလာရှာတာဘဲ"

ထိုအခါ အယ်မိုရာနို ဟယ်ရစ်တက်စ်က
"ဟုတ်ကဲ့ Dad အဲ့အတွက်ဘာမှစိတ်မပူပါနဲ့ ကျွန်တော်က....အဲ့ဒီမှော်စက်ဝိုင်းကိုရေးဆွဲခဲ့တဲ့သူဘဲ"

အယ်မိုရာနိုအပြုံးဖြင့်ပြောလိုက်တော့ မြို့စား‌နဲ့သူ့ဇနီးဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ယုတ်မာစွာပြုံးလိုက်ကြတယ်။

"ဟက် အဲ့ဒီလူတွက်သားစိတ်မပူနဲ့ အဖေကြည့်ရှင်းလိုက်မယ် ငါ့သားကဘဲ ပါရမီရှင်ဖြစ်ရမယ်"

"Thanks Dad"

ထိုမိသားစုသုံးယောက်ဟာသူတို့စိတ်ကူးတွေကိုအကောင်ထည်ပေါ်ရန် တွေးတောနေကြပြီး တစ်ဖက်မှာလည်း အဲလ်လီနိုရာကတော့ ပါရမီရှင်အတွက်အလွန်စိတ်မကောင်းဖြစ်မိသည်။ထို့အပြင် အဲ့ကိစ္စထက် ပိုစိုးရိမ်ရတဲ့ဟာရှိသေးတော့ သူအခက်တွေ့မိသည်။ခုတွင် သူစီမှာဘာအခွင့်ထူးမှမရှိပေမဲ့ စားသောက်နေထိုင်ရုံနှင့်မျှသူဘာသာအေးအေးဆေးဆေးနေလို့ရသည်။ဒါပေမယ့် ရစ်ချက်စ် ဟယ်ရစ်တက်စ် ပြန်ရောက်လာရင် အရင်နှစ်တွေကသူ့ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဆိုးစီပြန်ကျရောက်လိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now