Chapter - 22

101 10 0
                                    

Unicode

"တောက်စ် ဒေါသထွက်စရာတွေကြည့်ဘဲ သွားတော့"

"ဟုတ်ကဲ့"

"အဲ့ ရှင်းချင်းဟန်ဆိုတဲ့တစ်‌ယောက်ကိုရှာလို့မတွေ့သေးဘူးလား"

ပညာရေးဝန်ကြီးဟာသူ့‌ရှေ့ကသူကိုနှင်‌ထုတ်ကာဘေးရှိလက်ထောက်ကိုမေးလိုက်သည်။

"ဟုတ်ကဲ့ ရှင်းဖေး‌မေသေဆုံးပြီး သင်္ဂြိုဟ်ပြီးတဲ့နောက် ကျန်ရှိနေတဲ့သူအကိုနဲ့ပျောက်သွားခဲ့တယ်"

ရှင်းလီရန်တို့ကို ပညာရေးဝန်ကြီး ရှာမတွေ့နိုင်ခြင်းမှာ လီရန်ကိုပျိုးထောင်ပေးခဲ့သည့်သူ့၏ဆရာဖြစ်သူ ကျိုးချင်းကုန်း၊တစ်နည်းအားဖြင့် ရှင်းလီရန်နှင့်ကျိုးလော့စန်း၏ ခေါင်းကိုင်ဖခင်ပေ။ရှင်းလီရန်၏ဖခင်သေဆုံးပြီး၁နှစ်အကြာြာမှာ သူ့မိခင်ပါသေဆုံးသွားခဲ့သည့်အချိန်.....

၁၆နှစ်သားလေး ရှင်းလီရန်ဟာ မိခင်၏ရက်လည်ပင်မပြည့်သေးဘဲ ကကိုယ်ခန္ဓာကိုသင်္ဂြိုဟ်လိုက်ရပြီး ချင်းဟန်ရှိရာဆေးရုံစီသို့အလာတွင် အမဲဝတ်ဝတ်ထားသည့် လူငါးယောက်၏တိုက်ခိုက်ခြင်းခံရသည်။
ထိုသူတို့မှာ ပညာဝန်ကြီးကလွှတ်လိုက်သူများဖြစ်မည်ထင်ခဲ့သည်။ကလေးသာသာအရွယ် ရှင်းလီရန် ထိုလူငါးယောက်ကိုမနိုင်ခဲ့ပေ။သတိလစ်တော့မည်အချိန်တွင်လူတစ်ယောက်က သူ့ကိုကယ်ခဲ့သည်။ထိုသူကတော့ ကျိုးချင်းကုန်းဖြစ်သည်။ကျိုးချင်းကုန်းဟာ သူခိုးအကြီးစားတစ်ယောက်ဖြစ်ပြီး ကြေးစားအလုပ်ကိုင်လုပ်သူတစ်ယောက်ဖြစ်သည်။လီရန်တို့ကို ဤမြို့စီမှခေါ်ထုတ်ပေးခဲ့ပြီး ချင်းဟန်၏ဆေးရုံစရိတ်နှင့်လီရန်ကိုလည်း အတိုက်အခိုက်တွေသင်ကြားပေးခဲ့သည်။ကျိုးချင်းကုန်းလိုလူကအလကားလီရန်တို့ကိုကူညီသည်မဟုတ်၊ထိုသို့ကူညီရခြင်းဟာ လီရန်၏ Computer Science ပညာကိုသိသောကြောင့်ဖြစ်သည်။လီရန်ဟာ သူ့တတ်သည့်ထိုပညာဖြင့် ကျိုးချင်းကုန်း၏အလုပ်တွေထဲဝင်ရောက်လုပ်ကိုင်ပေးရသည်။ထိုအချိန်ကစ ကျိုးချင်းကုန်း‌မွေးစားထားသည့်ကျိုးလော့စန်းနဲ့ရှင်းလီရန်တို့ကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now