Chapter - 30

98 10 0
                                    

Unicode

တောင်ကုန်းလေးပေါ်သို့ လေပြေညင်းကဖြည်းညင်းစွာတိုက်ခတ်လာလို့နေတယ်။မြက်ခင်းတို့ကလည်းညီညီညာညာရှိလို့နေပြီး မြင်ရသော သာယာလှတဲ့ရှုခင်းလေးနှင့် ဆန့်ကျင်စွာ ထိုနေရာလေးက လူအများ၏ဝမ်းနည်းဖွယ်နေရာလေးဖြစ်နေသည်။

ကျောက်သားကမ္ဗည်းတိုင်စိုက်ထူထား‌ သောအုပ်ဂူတို့က နေရာကျဲနေပြီး တောင်ကုန်း၏အမြင့်ဆုံးနေရာရှိ ကျောက်ကမ္ဗည်းတိုင်ရှေ့တွင် လှပသော အပြာရောင်ပန်းတို့ကနေရာယူထားသည်။ထိုရှေ့ရှိ မတ်တပ်ရပ်နေကြသော လူနှစ်ယောက်ထဲမှတစ်ယောက်က

"ကိုကို အေးချမ်းစွာ အနားယူပါ"

"ချင်းဟန်ကို စိတ်ချပါ၊မစိုးရိမ်ပါနဲ့ ချင်းဟန်ပျော်ရာကိုလုပ်ပြီး ဘဝကိုဖြတ်သန်းမှာပါ"

ရှင်းချင်းဟန်၏စကားအဆုံးတွင် ဘေးနားမှာရပ်‌နေသည့်ကျိုးလော့စန်းက ချင်းဟန်၏လက်ကလေးကိုကိုင်လိုက်ကာ

"လီရန် မင်းစိတ်ချပါ ငါချင်းဟန်ကိုသေချာစောင့်ရှောက်မှာပါ"
.......
ကြီးမား‌တောက်ပတဲ့ သလင်းနန်းတော်တွေ၊အဆင့်မြင့် နည်းပညာတွေနဲ့ အားကောင်းသော စိတ်စွမ်းအင် စွမ်းအားများဖြင့်ပြည့်နက်‌‌နေပြီး ပြားပမ်းခက်မှလှုပ်ရှားမှုတွေက ထိုနယ်မြေကိုအသက်ဝင်စေသည်။

[တည်နေရာ - ရန်ဟွာနယ်မြေ]

ဇန် ‌သူ့ရှေ့ရှိ မြင်ကွင်းကို မျက်မှောင်ကုတ်ကာကြည့်လိုက်သည်။ဘေးမှ သူ့ကိုအထူးအဆန်းကြည့်နေကြသော system တွေနှင့်Hostတွေအားလှစ်လျူရှုလျက်။

ရန်ဟွာနယ်မြေ၏ အဓိကအချက်အခြာနေရာ၊systemနှင့်Hostတွေကို သတ်မှတ်ပေးသော တာဝန်များအားဦးဆီးသည့် နန်းဆောင်။ ရန်ဟွာတွင် သာမန် host နှင့် system များက space မရနိုင်သောကြောင့် တာဝန်တစ်ခုပြီးတိုင်း နောက်တာဝန်သို့သွားရန် ဤနေရာသို့ပြန်လာရသည်။ခဏနားချင်လျှင့် သက်ဆိုင်ရာ အဆောက်ဦးများအားပေးထားသည်။

ရှေ့ရှိ သလင်းတံတားက နန်းဆောင်ကြီးကိုဆက်သွယ်နေကာ ဘေးရှိ ပန်းခင်းထဲမှ ပန်းများက စိတ်စွမ်းအားများကိုထုတ်လွင့်ပေးသည်။တံတားတစ်လျှောက် ရွှေရောင်ဝတ်မှုန်များနှင့် အလင်းရောင်ကိုထုတ်လွှတ်ပေးသောပန်းမီးအိမ်များကိုလည်း ချိတ်ဆွဲထားသည်။အလှ‌သောတိမ်များ၊နွေးထွေးသောနေရောင်ခြည်၊ကျဆင်းနေသော နှင်းမှုန်များကြောင့် ဤနယ်မြေ၏ရန်ဟွာအရှင်က ရာသီဥတုအားဖန်ဆင်းထားကြောင်းကိုသိနိုင်သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now