Chapter - 7

170 17 1
                                    

Unicode

ဒီလိုကိစ္စတွေဖြစ်ပွားနေပါတယ်။
သတင်းဖြန့်တဲ့လူကိုစုံစမ်းလိုက်...

အဲ့ဒီလူနဲ့ငါတို့ညှိနှိုင်းလို့ရလောက်တယ်။

ဟုတ်ကဲ့ပါ

.....

ဝမ်ဝမ် nisanဆီကသွေးယူတဲ့မကောင်းဆိုးဝါးတွေရဲ့အချက်လက်တွေရှာပေး။

[ဟုတ်..]

Akiraသည်နွေဦးပွဲတော်ပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်ကိုသာကြီးကြပ်နေရသည်။အမှန်တော့ စားသောက်ဆိုင်ကို nisanကကြီးကြပ်စီမံရမှာဆိုပေမဲ့ စီးပွားရေးကိုစိတ်မဝင်စားတဲ့ nisanဟာသမားတော်အလုပ်သာလုပ်ကိုင်နေတယ်။Akiraလိုဘဲ အခြားမကောင်းဆိုးဝါးအချို့ဟာ Nisan(Asahi)ဆီကသွေးအိတ်များကိုယူကြတယ်။

Akira ထောင့်နားကဝိုင်းတွင်ထိုင်နေသောလူသုံးယောက်ကိုစောင့်ကြည့်နေသည်မှာကြာပြီ။ထိုလူသုံးယောက်ဟာတူညီသော နီညိုရောင်ဝတ်စုံကိုဝတ်ထားပြီး မျက်နှာများကိုဖုံးအုပ်ထားကြသည်။

ထိုသူတို့ကိုအသေးစိတ်ကြည့်ပြီးနောက် သူတို့၏လက်ဖမိုးရှိ သင်္ကေတကိုတွေ့လိုက်ရသည်။

ထိုသင်္ကေတဟာ Oyima အဖွဲ့အစည်း၏သင်္ကေတဖြစ်သည်။

ဟက် ... အချိန်ကျပြီ။

Akira ထိုသူတို့ဆီချရမည့်အစားသောက်များကိုယူကာ ကိုယ်တိုင်သွားချပေးလိုက်သည်။

သုံးဆောင်ကြပါအုန်း...အဆင်မပြေတာရှိရင်ပြောလို့ရပါတယ်။

ဟုတ်ကဲ့ပါ

ထိုသုံးယောက်ထဲမှသွက်လက်ပုံရသော လူကပြောသည်။တစ်ယောက်ဟာ Akiraကိုအကဲခက်နေပုံရသည်။နောက်တစ်ယောက်ကတော့ အစားသောက်ကိုသာအာရုံစိုက်နေသည်။

Akiraလည်းပြုံးပြကာလှည့်ထွက်လာလိုက်သည်။

အချိန်တစ်ခုအကြာတွင် ထိုလူသုံးယောက်ဟာအံ့ဩသွားဟန်ရပြီး သူတို့၏လက်ထဲရှိစာလိပ်ကိုကြည့်ကာ
ထွက်ခွာသွားကြသည်။

အဲ့စာလိပ်က Akiraထည့်ပေးလိုက်သည့်စာလိပ်ဖြစ်သည်။ထိုသူတွေဟာ Oyimaကလူတွေဖြစ်ပြီး ဟိုတစ်လောကပြဇာတ်ရဲ့နောက်ကြောင်းကိုလိုက်နေကြသူတွေဖြစ်မည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now